အခန်း (၁၄၆)

1.1K 209 4
                                    

Unicode

"အား" ​အော်သံတစ်ခုကို ကြားလိုက်ရ​လေသည်။

ပိုင်ယွင်ရှီသည် ​ကြောက်လန့်တကြား ​ပြေးလွှား​နေသည့် တရား​ဟောဆရာ​နောက်သို့ ​မြွေနက်များက လိုက်​လာနေတာကို ​တွေ့လိုက်ရ၏။

ခရစ်ယာန်ဘုန်း​တော်ကြီး၏ခန္ဓာကိုယ်​ပေါ်တွင် ထို​မြွေနက်များကို ဆွဲ​​ဆောင်နိုင်သည့် တစ်ခုရှိပုံရကာ ​မြွေများက သူ့အား လှည့်ပတ်​နေပြီး သူ့​အ​ပေါ်သို့ ရူးသွပ်စွာ ခုန်အုပ်လိုက်ကြ​တော့သည်။

ခရစ်ယာန်ဘုန်း​တော်ကြီးသည် သူ့ခန္ဓာကိုယ်​ပေါ်တွင် လက်ဝါးကပ်တိုင်တစ်ခုကို ​ဝတ်ဆင်ထားရာ ထို​မြွေများကို တွန်းကန်ဖို့ လက်ဝါးကပ်တိုင်က​နေ မှိန်​ဖျော့​သော အလင်းတန်းများ မကြာခဏ ထွက်​ပေါ်လာခဲ့​ပေသည်။ လက်ဝါးကပ်တိုင်၏အလင်းတန်းများ မှိန်​ဖျော့လာသည်နှင့်အမျှ ​မြွေနက်များကလည်း ပိုပိုပြီး ​သေးငယ်လာကြ​ပေသည်။

​မြွေနက်များအကြားတွင် တစ်​ကောင်မှာ ၃မီတာ အရှည်ရှိပြီး လူကြီးလက်သီးဆုပ်​လောက်အထူရှိရာ ​မြေဘုရင်နှင့်တူပုံရ​လေသည်။

ထို​မြွေနက်ကြီးက ခရစ်ယာန်ဘုန်းကြီးနောက်​ကျောရှိ အထုပ်တစ်ထုပ်ကို ကိုက်လိုက်​တော့ ဘကတ်စကတ်​ဘောထက် ပိုကြီးသည့် ​​ကျောက်တုံးတစ်တုံး လှိမ့်လာခဲ့​လေသည်။

"အဲ့ဒီပစ္စည်း ဟုတ်တယ်မလား" ပိုင်ယွင်ရှီမျက်လုံးများက ​တောက်ပလာခဲ့​ပေသည်။

"ဒါက တကယ့်ကို ဆန်းကြယ်ငှက်ဥပဲ" ယဲဖန်က ​ပြောလိုက်၏။

အစက ဒီလို ဆန်းကြယ်ငှက်မျိုး ရှိမယ်ဆိုရင်​တောင် အချိန်ကြာသွားသည်နှင့် တန်ဖိုးမရှိနိုင်​တော့ဘူးလို့ ထင်ခဲ့​လေသည်။ သို့​သော်လည်း ယဲဖန်သည် ငှက်ဥကို ​တွေ့လိုက်ရ​သောအခါ ၎င်း၏စိတ်ဝိညာဥ်စွမ်းအားက လုံးလုံး မ​ပျောက်ကွယ်သွား​​သေးတာကြောင့် ဥကို ​ဆေးလုံးအဖြစ် ပြန်လည် သန့်စင်နိုင်​ပေသည်။

ထိုဧရာမ​မြွေကြီးက ဥအား တစ်လုတ်ထဲနှင့် မျိုချလိုက်​တော့ ပိုင်ယွင်ရှီသည် ပင့်သက်ရှိုက်မိသွားပြီး "မဟုတ်ဘူး" လို့သာ ​​အော်လိုက်မိ​တော့သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now