Unicode
ဝူဟောက်ချန်သည် ပိုင်ယွင်ရှီနောက်မှ စင်မြင့်ပေါ်သို့ လိုက်သွားခဲ့သည်။
ကြိုးများ ချည်ပြီး ခုန်ချလိုက်ပေမယ့် ကြိုးဟာ ရုတ်တရက် ပြတ်တောက်သွားခဲ့သည်။ ထို့နောက် သူသည် အမြင့်မီတာပေါင်းများစွာမှ တိုက်ရိုက်ပြုတ်ကျလာခဲ့၏။ ထိုမြင်ကွင်းကို မြင်တော့ ခရီးသွားများက အော်ဟစ်လာခဲ့ကြသည်။
တစ်ချို့က သွေးထွက်သံယိုမြင်ကွင်းကို မတွေ့ချင်တော့တာကြောင့် မျက်လုံးများအုပ်ထားလိုက်ကြ၏။
သူ့ဦးလေးယဲဖန်က ထိုနေရာတွင် ရှိနေမှန်းသိသော်လည်း သူ့ခန္ဓာကိုယ်က အလျင်အမြန် ပြုတ်ကျနေခဲ့တာကြောင့် ထိတ်လန့်နေမိသေးသည်။
ယဲဖန်သည် စင်မြင်အောက်မှ ခုန်လွှားပြီး ဝူဟောက်ချန်အား သူ့ရင်ခွင်ထဲ၌ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
"ကလစ် ..... ကလစ် ....." ဒီနိုင်ငံရှိ လူများက ဓါတ်ပုံ ရိုက်ရသည်ကို သဘောကျကြ၏။ အစားအသောက်ကောင်းကောင်းတွေ မစားခင်တို့၊ တောင်ပေါ် မတက်ခင်တို့၊ ရေကန်ဘက် ခရီးမသွားခင်တို့တွင် ဓါတ်ပုံများ ရိုက်ကြသည်။ ဒီလို ရင်သပ်ရှုမောဖွယ်မြင်ကွင်းအတွက်ကတော့ သူတို့ကို ဓါတ်ပုံရိုက်ကြသည်မှာ သေချာလေသည်။
"ငါ့တူတော်လေးရေ မင်း ဝိတ်ချသင့်နေပြီ၊ မင်းက အရမ်းလေးတယ်ကွ" ယဲဖန် ညည်းညူလိုက်၏။
ဝူဟောက်ချန် "လာပါ၊ သားက မဝပါဘူးနော်၊ ဒါက စံချိန်မီခန္ဓာကိုယ်လို့ခေါ်တာ"
ယဲဖန် "အဆီတွေအပြည့်နဲ့ကို မင်းက စံချိန်မီခန္ဓာကိုယ်လို့ ခေါ်တယ် ....."
ဝူဟောက်ချန် "....."
ဝူဟောက်ချန်သည် လက်ခုပ်တီးလိုက်ပြီး "ဦးလေးဖန် ဒါက စိတ်လှုပ်ရှားဖို့ အရမ်းကောင်းတယ်။ သားတို့ ထပ်လုပ်ကြရအောင်"
ဒီမြင်ကွင်းကို လူအုပ်ထဲကနေ မျက်မြင်ခဲ့ရသည့် လင်းရှောင်သည် လူအုပ်ကြီးကို တွန်းတိုက်ပြီး ဝူဟောက်ချန်နှင့် ယဲဖန်ဆီသို့ ရောက်လာခဲ့သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...