Unicode
"သူဌေးယဲ မင်းဘယ်တွေသွားနေတာလဲ၊ မင်းကို လိုက်ရှာနေတာ" ချိုက်ကျန်ကျွင်းက နွေးထွေးစွာ နှုတ်ဆက်လိုက်၏။
"ငါ ကျန်းလူကြီးမင်းနှင့် တစ်စုံတစ်ခုအကြောင်း ပြောနေတာ၊ မင်းကိုလဲဖိတ်ထားတာလား"
ချိုက်ကျန်ကျွင်းမျက်နှာသည် အနည်းငယ်တွန့်သွားပြီး "သူဌေးယဲ ကျွန်တော့်ကို အဲ့ဒီလို မကြည့်နဲ့နော်။ ဘာလဲ။ ကျွန်တော်ရော ဖိတ်ကြားမခံရဘူးလို့ ထင်နေတာလား။ ဒါပေမဲ့လဲ ကျွန်တော် အဖိတ်မခံရတာက အမှန်ပါပဲလေ။ ကျွန်တော်က အကိုကြီးနဲ့ လိုက်လာခဲ့တာ"
ယဲဖန်က ခေါင်းငြိမ့်ကာ "အိုး ငါသိပြီ။ မင်းက အရည်အချင်းမပြည့်မီဘူးဆိုတာ ငါသိသားပဲ"
"အိုး လာစမ်းပါ။ ဘာပဲဖြစ်ဖြစ် မြို့တော်မှာ ကျွန်တော်လဲ နေရာတစ်ခုတော့ ရှိပါတယ်"
ယဲဖန်သည် သူ့နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ရင်း "ငါတော့ မမြင်မိပါဘူး"
"သူဌေးယဲ မင်းမှာ အချိန်ရှိလား။ ကျွန်တော့်သူငယ်ချင်းတစ်ချို့နဲ့ မိတ်ဆက်ပေးမယ်။ သူတို့အားလုံးက မင်းကို အရမ်းလေးစားနေကြတာ"
ယဲဖန်က ခေါင်းငြိမ့်ကာ "ကောင်းပြီလေ"
အစက ယဲဖန်သည် ချိုက်ကျန်းကျွင်းကို ပိုက်ဆံအများကြီးမရှိဘူးလို့ ထင်ခဲ့သည်။ ဒါပေမဲ့ ချိုက်စွိုက်ကိစ္စပြီးနောက် သူဟာ ဒုတိယချမ်းသာတဲ့မျိုးဆက်တစ်ခုက ဖြစ်ကြောင်း ယဲဖန်က နားလည်ခဲ့၏။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးလို့ ပြောသလိုမျိုးပေါ့။ ချိုက်ကျန်ကျွင်းက အရမ်းချမ်းသာသည်၊ ဒါပေါ့ သူ့သူငယ်ချင်းတွေဆိုသည်မှာလဲ ချမ်းသာပေလိမ့်မည်။ ဒါကြောင့် သူက အလားအလာကောင်းရှိသည့် ဖောက်သည်တစ်ချို့ကို ချဲ့ထွင်ပေးနိုင်လိမ့်မည်။
ယဲကျဲ့ဟန်သည် ဟွမ်ရှစ်ရှင်းဘေးက လိုက်လာခဲ့ရာ တောင့်တင်းနေသည်ပုံပေါ်နေခဲ့သည်။
ယဲဖန်ရောက်လာပြီး မကြာမီ ယဲကျဲ့ဟန်က သူ့အား သတိထားမိခဲ့ပေမဲ့ ယဲဖန်ကတော့ သူ့အား သတိမထားမိခဲ့ပေ။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...