Unicode
နောက်တစ်နေ့၌
တံတားအောက်ရှိ ယဲဖန်ဆိုင်ခန်းရှေ့တွင် ဇိမ်ခံကားတစ်ချို့ ရပ်လိုက်သည်။ ကျန့်ဟိုက်လင် ကားမှထွက်လာသည်ကို ကြည့်နေရင်း ဆရာကြီးယွမ်သည် သူ့မုတ်ဆိတ်မွေးကို ထိကာ 'ငါတကယ်ကို ထိုးထွင်းသိမြင်နိုင်တာပဲ။ အဲ့ဒီ ဒုတိယမျိုးဆက်သူဌေးသားတွေက ဒုက္ခရှာဖို့ ပြန်လာလိမ့်မယ်ဆိုတာ ငါသိတယ်။ အဆောင်တွေရောင်းတဲ့ ကောင်လေးက တကယ်ကို အကြီးကြီးပဲ'
"ဒုတိယအကို မင်းပြောတဲ့လူက ဘယ်မှာလဲ" ချန်ယွီသည် ပတ်ပတ်လည်ကို ကြည့်ရင်း မေးလိုက်သည်။
ကျန့်ဟိုက်လင်သည် မျက်မှောင်ကြုတ်ပြီး "သူ မလာဘူး" ဟုပြောလိုက်သည်။
ချန်ယွီသည် "ဘာ? ဘာလို့လဲ" မေးလိုက်သည်။
ကျန့်ဟိုက်လင်သည် မျက်မှောင်ကြုတ်ကာ "ငါမသိဘူး။ တစ်ခုခုဖြစ်နေတာ ဖြစ်လိမ့်မယ်"
ချန်ယွီသည် စိုးရိမ်တကြီးနှင့် "မဖြစ်ဘူး။ ငါတို့က စောင့်ဖို့ တတ်နိုင်ပေမဲ့ ငါတို့အကိုကြီးကတော့ မလုပ်နိုင်ဘူး"
ကျန့်ဟိုက်လင်သည် အံကြိတ်ရင်း "စိတ်လျော့။ သူ မလာရင် သူ့ကို ငါတို့သွားရှာမယ်။ ငါ သူ့ကို အရင်က တစ်နေရာမှာ မြင်ဖူးနေတယ်လို့ အမြဲခံစားရပေမဲ့ ငါသတိမရတော့ဘူး"
သူတို့၏စိုးရိမ်ကြောင့်ကြနေသည်ကိုတွေ့တော့ ဆရာကြီးယွမ်သည် ဒီနေရာကို ဒုက္ခလာရှာရန်မဟုတ်ကြောင်း နှင့် ယဲဖန်ကို မျက်နှာသာပေးရန်လာရှာကြောင်း နောက်ဆုံး သိလိုက်ရသည်။ ဆရာကြီးယွမ်သည် ကြောက်ရွံထိတ်လန့်သလို ခံစားလိုက်ရသည်။
"ဒုတိယအကို အဲ့လူက မင်းဆီမှာ သရဲအငွေ့အသက်တွေရှိတယ်လို့ ပြောနိုင်တယ်။ သူက ဆရာသခင်တစ်ယောက် ဖြစ်မယ်။ သူ့နာမည်ကတ် ဒါမှမဟုတ် ဖုန်းနံပါတ်ပဲဖြစ်ဖြစ် ဘာလို့ မတောင်းခဲ့တာလဲ"
ကျန့်ဟိုက်လင်သည် သူ့မျက်လုံးကို လှိမ့်ကာ "အဲ့တုန်းက ငါလဲ ဒီလောက်အများကြီး ဘယ်လိုလုပ်တွေးနိုင်မှာလဲ" အဲ့လူက လူလိမ်နဲ့တောင် တူနေသေးတယ်။ ဘယ်လိုဆရာသခင်က သူ့ဆိုင်ခန်းရှေ့မှာ KFCကြက်ကြော် စားမှာလဲ။
![](https://img.wattpad.com/cover/359449014-288-k656257.jpg)
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...