အခန်း (၁၁၁)

1.8K 323 21
                                    

Unicode

ဗီလာထဲတွင်

"​တောက်ဆရာရှု ကျွန်​တော် မင်းရဲ့နာမည်ကို ကြားဖူး​နေတာ ကြာပြီ။ ​လူအိုကြီးပိုင်ဆို မင်းစကား​​တွေကို​တောင် နား​ထောင်တယ်လို့ ​ပြောတယ်" ယဲဖန်သည် ရှုယွမ်ချင်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ရင်း ​တောက်ပ​နေ​သောမျက်လုံးများဖြင့် ကြည့်လာခဲ့သည်။

"ငါတို့တွေက မိတ်​ဆွေ​ဟောင်း​တွေဆိုတာ မင်းသိပါတယ်။ ဒါ​ကြောင့် အနည်းနှင့်အများဆိုသလို သူက ငါ့ကို မျက်နှာသာ နည်းနည်း​ပေးရတယ်​လေ"ရှုယွမ်ချင်က ​ပြောလိုက်သည်။

ယဲဖန်က ​​ခေါင်းငြိမ့်လိုက်ပြီး ပျော်ရွှင်စွာဖြင့် "ဒါဆို အရမ်း​ကောင်းတယ်။ အရမ်း​ကောင်းတယ်။ ပိုင်မိသားစုက လူအားလုံးက အဲ့ဒီလူအိုကြီးစကားပဲ နား​ထောင်ကြတာ။ ​နောက်ဆုံး​တော့ သူ့ကို ​အောင်နိုင်မယ့် တစ်စုံတစ်​ယောက်​တော့ ​ပေါ်လာခဲ့ပြီ"

ရှုယွမ်ချင် "....."

"ငါ့​မြေး​လေးကို ကူညီ​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ်" ရှုယွမ်ချင်က ​ပြောလိုက်သည်။

ယဲဖန်က သူ့လက်အား ​ဝှေ့ယမ်းလိုက်ပြီး "​အဲ့ဒါ​တွေ ပြောမ​နေပါနဲ့"

"သခင်​လေးယဲ မင်းအမြင်မှာဆို ငါ့​မြေး​လေးကို ဘယ်လို ကုသရမလဲ"ရှုယွမ်ချင်က ​မေးလိုက်သည်။

ယဲဖန်က ပုခုံးတွန့်လိုက်ပြီး "သူက စိတ်ဝိညာဥ်မီး​တောက်သစ်သီးကို သုံး​ဆောင်လိုက်ပြီး သူ့အစွမ်းကို မစုပ်ယူနိုင်ခဲ့ဘူး​။ ဒါ​ကြောင့် တစ်​ယောက်​ယောက်က သူ့ထဲက စွမ်းအားအပို​တွေကို ထုတ်​ပေးရလိမ့်မယ်။ လုံးလုံးထုတ်ယူပစ်ဖို့ဆို ​နောက်ထပ်​လေးကြိမ်​လောက်​တော့ လုပ်ရလိမ့်မယ်"

"ငါ့​မြေး​လေးက ​ရှေး​ဟောင်းပညာရပ်ကျင့်ကြံသူတစ်​ယောက်ဆိုတာ မင်းလဲမြင်ပါတယ်။ စိတ်ဝိညာဥ်မီး​တောက်အစွမ်းကို ထုတ်ယူပစ်လိုက်မယ်ဆိုရင် သူကျင့်ကြံလို့ ရနိုင်​လောက်​​​သေးရဲ့လား"

ရှုယွမ်ချင်သည် မုလျန်ဖင်၏​ကြောက်စရာ​ကောင်း​သောအ​ခြေအ​နေကို ​တွေ့လိုက်ရ​သောအခါ သူသည် မုလျန်ဖင်အသက်ကိုပဲ ကယ်တင်နိုင်ဖို့သာ ​တွေးခဲ့​သည်။ မုမိသားစုမှ စိတ်ဝိညာဥ်မီး​တောက်စွမ်းအားကို မစုပ်ယူနိုင်သည့် ၁၀​ယောက်မှာ ၈​ယောက်၊ ၉​ယောက်လုံးက ​သေဆုံးသွားခဲ့ကြသည်။ သို့​သော်လည်း ယခုတွင် မုလျန်ဖင်၏ ပုံမှန်အ​ခြေအ​နေသို့ ပြန်လည်​ရောက်ရှိလာသည်ကို မြင်လိုက်ရ​သောအခါ သူသည် ​မျှော်လင့်ချက်အသစ်များ မထားရှိဘဲ မ​နေနိုင်​တော့​ပေ။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now