အခန်း (၁၄၅)

1.1K 206 2
                                    

Unicode

ပိုင်ယွင်ရှီနှင့် ယဲဖန်တို့သည် ပါမောက္ခလီ၏ဧည့်ခန်းထဲသို့ ဂျော့ရှ်နှင့် ချန်ယန်းတို့နှင့်အတူ ဝင်လာခဲ့​လေသည်။

မျက်မှန်တစ်လက် တပ်ထားသည့် ပါမောက္ခလီကို ကြည့်ရသည်မှာ အားနည်းသည့် ပညာတတ်တစ်ဦးလို ပုံစံ​မျိုး​ပေါက်​နေ​ခဲ့​ပေသည်။

"မင်းတို့က ဟွိုက်ရွာက အဲ့ဒီအိမ်​ဟောင်းအ​ကြောင်း သိချင်တာလား" ပါမောက္ခလီက ​မေးလိုက်၏။

ပိုင်ယွင်ရှီက ​ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်ပါတယ်"

"အဲ့ဒီအိမ်​ကြီးကို ချင်မင်းဆက်​နောက်ပိုင်းမှာ တည်​ဆောက်ခဲ့ကြတာ၊ တစ်ချိန်တုန်းက သားတစ်​ယောက်နဲ့ သမီးတစ်​ယောက်ရှိတဲ့ အရာရှိတစ်ဦး​ရှိခဲ့တယ်၊ သူ့ရာထူးက မြင့်မားပြီး ​စာသင်သား​တွေလည်း အများကြီးရှိကြတယ်၊ ရလဒ်က​တော့ သူက တစ်စုံတစ်​ယောက်ကို ​စော်ကားမိပြီး လူတစ်​ယောက်ကလွဲလို့ သူတို့တစ်မိသားစုလုံး ​ခေါင်းဖြတ်အသတ်ခံလိုက်ရတယ်၊ အဲ့လူက ​ခေါင်းဖြတ်အသတ်ခံလိုက်ရမယ့်အစား သူ့ရဲ့ အရာရှိလမ်းကြောင်းက အ​တော်​လေးကို ​ချော့မွေ့ခဲ့တယ်၊ အဲ့ဒီလူက ထိုအရာရှိရဲ့ ​ကျောင်းသားတစ်ဦးဖြစ်သလို သူ့သားမက်တစ်ဦးလည်း ဖြစ်တယ်"

"သူက သူ့​ယောက္ခထီးကို တိုင်ကြားခဲ့ပြီး သူ့မိန်းမနှင့် က​လေး​​တွေအပါအဝင် တစ်မိသားစုလုံးကို ​ခေါင်းဖြတ်သတ်ခံရ​အောင် လုပ်ခဲ့တဲ့သူ​လေ"

"သူ့​ယောက္ခထီးကို တိုင်ကြားခဲ့တာ​ကြောင့် သူရဲ့ နိုင်ငံ​ရေးလမ်း​ကြောင်းက  အလျင်အမြန်တိုးတက်လာခဲ့ပြီး ​နောက်အိမ်​ထောင်ပြုခဲ့တယ်​လေ၊ သူ့မှာ မကြာခင်မှာပဲ က​လေး​တွေရလာခဲ့တယ်"

"အချိန်​ကောင်းက ကြာရှည်မခံလိုက်ပါဘူး၊ အဲ့ဒီလူရဲ့က​လေး​တွေက အ​ကြောင်းအရင်းမရှိဘဲ တစ်​ယောက်ပြီးတစ်​ယောက် ​သေဆုံးခဲ့ပြီး လူ​တော်​တော်များများက ဒါ​တွေက ထိုအရာရှိကြီးရဲ့ လက်စား​ချေခြင်းပဲလို့ ​ပြောလာခဲ့ကြ​တယ်"

"​နောက်​တော့ အဲ့ဒီလူက ​ရွေးချယ်စရာ မရှိ​တော့ဘဲ မ​ကောင်းတဲ့အရာ​တွေကို နှင်ထုတ်ဖို့ ​တောက်ဆရာတစ်ဦးကို ငှားရမ်းခဲ့တယ်၊ ကံမ​ကောင်းစွာနဲ့ပဲ သူငှားရမ်းခဲ့ကြတဲ့ ​တောက်ဆရာအားလုံးတို့က အ​ကြောင်းပြချက်မရှိဘဲ ​သေဆုံးသွားခဲ့ကြပြန်တယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now