Unicode
နောက်တစ်နေ့တွင် ယဲဖန်သည် ရှောက်ချီနေထိုင်သည့် ရပ်ကွက်သို့သွားခဲ့ရာ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။
ဝတုတ်နေသော အမျိုးသမီးတစ်ဦးက ရှောက်ချီအင်္ကျီကို ကိုင်ကာ ငိုနေခဲ့ပေသည်။ ဒါ့အပြင် အမျိုးသမီးဘေးနားတွင်လည်း အရပ်ရှည်ရှည်နှင့် သန်မာသော အမျိုးသားတစ်ဦးက ရပ်နေခဲ့၏။
"ဒါက ယုတ္တိမတန်ဘူးကွ"
"မင်းက တစ်ခြားလူရဲ့ အိမ်ထောင်ရေးကို ဖျက်စီးခဲ့တာလေ၊ မင်းကို ကျိန်ဆဲတယ်ကွာ"
"ခွေးမသား"
.......
ဝတုတ်အမျိုးသမီးက ရှောက်ချီအင်္ကျီကို ဆောင့်ဆွဲကာ အော်ငိုရင်း ညည်းညူးနေခဲ့သည်။
ကယ်တင်ရှင်တစ်ဦးကိုတွေ့လိုက်ရသလိုမျိုး ရှောက်ချီသည် ယဲဖန်ကို မြင်တော့ ချက်ချင်းကို အော်ပြောလာခဲ့သည် "ယဲဖန် အဲ့ဒီမှာ ကြည့်မနေနဲ့၊ ငါ့ကို လာပြီး ကူညီပါအုံး"
ထိုစကားကို ကြားတော့ ယဲဖန်သည် ပြေးလာပြီး သူ့လက်မောင်းကို ဖွင့်လိုက်ကာ သူ့ရှေ့တွင် မတ်မတ်ရပ်နေလိုက်၏ "အဖိုး မကြောက်နဲ့နော်၊ ကျွန်တော် ကာကွယ်ပေးမယ်၊ မင်းက ဘာလိုချင်နေတာလဲ"
ထိုအမျိုးသမီးက ရှောက်ချီကို ဒေါသတကြီး လက်ညှိုးထိုးလိုက်ပြီး "နင် မျိုးမစစ်ကောင် အရမ်း အကြင်နာကင်းမဲ့လွန်းတာပဲ၊ နင်က အကူအညီတောင် ရှာလိုက်သေးတယ်ပေါ့လေ"
ရက်စက်သော အကြည့်များဖြင့် အမျိုးသမီးက ရှောက်ချီအပေါ် ခုန်အုပ်လိုက်လေသည်။ ယဲဖန်က ရှောက်ချီကို အဝေးသို့ ဆွဲခေါ်သွားတော့ ထိုအမျိုးသမီးက လွဲချော်သွားခဲ့သည်။
"အဖိုး မင်း ဘာလုပ်ခဲ့တာလဲ"
ရှောင်ချီ "ငါ မင်းကို စကားလုံးနည်းနည်းလေးနဲ့ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်သေးဘူး၊ အရင်ဆုံး ဒီကနေ ထွက်သွားကြရအောင်"
မည်းမှောင်နေသော မျက်နှာဖြင့် သူက တွေးလိုက်သည် 'ငါနဲ့ သူမက စစ်သားတစ်ဦးကို တွေ့ဆုံခဲ့ရတဲ့ ပညာသင်ကျောင်းသားတစ်ဦးနှင့် တူတယ်ကွ၊ ငါ ဒါကို သေချာ မရှင်းပြနိုင်သေးဘူး၊ ဒီအမျိုးသမီး ဘာလုပ်မလဲဆိုတာ ငါတကယ်ကို မသိဘူးကွ'
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Abenteuer"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...