အခန်း (၁၀၆)

1.7K 277 16
                                    

Unicode

ပိုင်ယွင်ရှီသည် မြို့ဆင်ခြင်ဖုံးရပ်ကွက်ထဲသို့ မောင်းဝင်လာသောအခါ သူဟာ လမ်းပျောက်သွားပြီး လမ်းညွှန်ချက်ကပါ ပိတ်သွားခဲ့သည်။

အရှေ့ကလမ်းကို ကြည့်လိုက်တော့ သူ လှည့်စားခံနေရပြီ ဆိုသည့် ခန့်မှန်းချက်ကို အတည်ပြုနိုင်သွားခဲ့သည်။

ကားစက်ကို နိုးပြီး ဆက်သွားလိုက်ချိန်မှာတော့ ဒါဇင်နှင့်ချီသည့် ကျီးကန်းများက လေကာမှန်ပေါ် ပြုတ်ကျလာကြပြီး သူ့မြင်ကွင်းကို ပိတ်ဆို့ထားသည့်အတွက်ကြောင့် သူ့ကားဟာ ဘေးဘက်ရှိ လက်ရန်းများကို ဝင်တိုက်သွားခဲ့သည်။

ကားအင်ဂျင်ကို ထပ်နိုးဖို့ ကြိုးစားပြန်တော့ ကားဂတ်စ်က ကုန်သွားခဲ့သည်။

မကြာခင်မှာပဲ ပိုးကောင်မျိုးစုံက သူ့ကားကို ဖုံးလွှမ်းသွားခဲ့သည်။ လေကာမှန်ပေါ် ပြုတ်ကျလာသည့် မြွေပွေးတစ်ကောင်ကလည်း သူ့လျှာကို ထုတ်ပြနေခဲ့သည်။

ပိုင်ယွင်ရှီကိုယ်ပေါ်ရှိ ကျောက်စိမ်းဆွဲသီးဆီကနေ အလင်းတန်းတစ်ခု ထွက်လာခဲ့ရာ အပြင်ဘက်ရှိ ငှက်များနှင့် သားရဲကောင်များအားလုံးတို့ဟာ ချက်ချင်းသေဆုံးသွားခဲ့ကြရုံသာမက လေကာမှန်တောင် အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့၏။

ယဲဖန်သည် ကာကွယ်ရေးကျောက်စိမ်းဆွဲသီးများစွာကို ရောင်းချခဲ့ပေမဲ့ ပိုင်ယွင်ရှီကို ပေးထားသည့် တစ်ခုကတော့ ပို၍ အစွမ်းထက်လေသည်။

ပိုင်ယွင်ရှီ ကားထဲက ထွက်လာပြီး ယဲဖန်ကို ငတုံးကောင်လို့သာ တွေးလိုက်မိ၏။ သူ့ကျောက်စိမ်းဆွဲသီးက ရန်သူလား၊ မိတ်ဆွေလားတောင် မခွဲခြားနိုင်ဘူး။ အဲ့ဒီ မြွေတွေ၊ ကြွက်တွေနှင့် ပိုးကောင်တွေကို သတ်ရုံနဲ့ လုံလောက်နေပြီလေ။ ဘာလို့ ငါ့လေကာမှန်ကပါ ကွဲသွားရတာလဲ။

မကြာခင်မှာပဲ အဆိပ်ရှိမြွေများနှင့် ကင်းမြီးကောက်အုပ်စုကြီးက သူ့အား ဝန်းရံလာခဲ့ကြသည်။ ထိုအဆိပ်ရှိမြွေများက လျှာများ ထုတ်ပြလာကြပြီး သူ့အား စိုက်ကြည့်နေကြသည်။ သူတို့က တစ်ခုခုကို ကြောက်ရွံ့နေသောကြောင့် ရှေ့ဆက်မတိုးလာရဲကြပေ။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now