Unicode
"အကိုကြီး ယွင်ရှီ" ပိုင်ယွင်ရှီက အစည်းအဝေးခန်းထဲမှ ထွက်လာသည်ကို မြင်သော် ယွင်ရှန်းရှန်သည် အပြုံးအကြီးကြီးဖြင့် လျှောက်လာလေသည်။
လက်နောက်ပစ်ရင်း ယဲဖန်က သူမကို ကြည့်ကာ ထူးဆန်းစွာ ဆိုလာ၏ "မင်းက သူ့ကို အကိုကြီးလို့ ခေါ်တာလား။ မင်းက မောင်လေးလို့ ခေါ်သင့်တာမဟုတ်ဘူးလား။ မင်းက သူ့ထက်တောင် အသက်ပိုကြီးတဲ့ဟာ"
ပိုင်ယွင်ရှီ "....." ယဲဖန့်ပါးစပ်က အဆိပ်တော်တော်ပြင်းတာပဲ။
ယွင်ရှန်းရှန်သည် ယဲဖန်ကို ကြည့်ပြီး "နင်က ဒီမှာ ဘာလုပ်နေတာလဲ။ နင်ဇွတ်ဝင်လာတာလား။ အကိုကြီးယွင်ရှီ လုံခြုံရေးကို ခေါ်လိုက်အုံး"
ပိုင်ယွင်ရှီသည် ပေါ့ပေါ့ပါးပါးဆိုလာလေသည် "ဘာလို့ရေးကြီးခွင်ကျယ်လုပ်နေတာလဲ။ သူက ငါ့သူငယ်ချင်းပဲ"
ထို့နောက် ယွင်ရှန်းရှန်သည် ယဲဖန်အား စိုက်ကြည့်ရင်း "အကိုကြီးယွင်ရှီ နင် ဘယ်တုန်းက ဒီလိုမျိုးထိန်းမနိုင်သိမ်းမရကောင်နဲ့ သူငယ်ချင်းလုပ်လိုက်တာလဲ။ သူ့ကို ကြည့်ပါအုံး ....." လုံးဝကို ငကြောင်တစ်ကောင်ပဲ။
ယဲဖန် "မိန်းမငယ်လေးရေ ငါက ငကြောင်မဟုတ်ဘူးနော်။ ဒါကို မိုက်တာလို့ခေါ်တယ်"
ထို့နောက် ပိုင်ယွင်ရှီဘက်လှည့်ကာ မေးလိုက်သည် "ယွင်ရှီ ဟုတ်တယ်မလား"
ပိုင်ယွင်ရှီသည် အပြုံးတုဖြင့် "ဟုတ်တာပေါ့။ မိုက်တယ်။ အရမ်းကိုမိုက်တာပဲ" ငါးဆားနယ်ရောင်းနေတဲ့ ဆေးသမားလိုမျိုး မိုက်တယ်။
"သွားရအောင်။ ကျွန်တော် ခင်ဗျားကို ဒကာခံပေးမယ်။ ကျွန်တော် ယွမ်သန်းငါးဆယ်ရထားတယ်။ အချိန်တစ်ခုလောက်တော့ ကျွန်တော် သုံးဖို့အတွက် လုံလောက်ပါတယ်" ယဲဖန်က မချေမငံပြောလိုက်သည်။
"ယွမ်သန်းငါးဆယ် ဒါက တကယ်ကို လုံလောက်ပါတယ်" ပိုင်ယွင်ရှီက ဆို၏။
ယဲဖန်က ခေါင်းငြိမ့်ကာ "ကျွန်တော်က လုပ်နိုင်စွမ်းအရမ်းရှိတယ်လေ။ ကျွန်တော်နဲ့ဆို ခင်ဗျားရဲ့အသုံးအဖြုန်းကြီးတဲ့ဘဝကို အာမခံနိုင်ပါတယ်"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Phiêu lưu"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...