Unicode
ကျောက်ရှီကုမ္ပဏီ၌
ယဲဖန်သည် ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး ပန်းသီးတစ်လုံးအား စားနေခဲ့သည်။
"ငါ့ကို ပြောစမ်း မနေ့က မင်းအဘိုး လက်ဆောင်ဘယ်နှစ်ခုတောင် ရခဲ့လဲ" ယဲဖန်က မေးလိုက်သည်။
"မသိဘူး"
"မွေးနေ့ပွဲလေးတစ်ခုမှာတောင် မင်းအဘိုးက ဝင်ငွေအများကြီးရခဲ့ပြီး ငါကျတော့ အကြိမ်တိုင်း ငါ့အသက်ကို စွန့်စားခဲ့ပြီးမှ တစ်ဘီလီယံပဲ ရရှိခဲ့တာ"
ပိုင်ယွင်ရှီ "....." မင်းမျက်လုံးထဲမှာ တစ်ဘီလီယံကတောင် မများဘူးတဲ့လား။ တစ်ခြားလူတွေတံထွေးခွက်ထဲ နစ်မြောမှာ မင်းမကြောက်ဘူးလား။
"မင်းအဘိုးလောက် စွမ်းဆောင်ရည်ရှိဖို့ ငါဆုတောင်းတယ်ကွာ" ယဲဖန်က ညည်းညူလိုက်သည်။
"လူတိုင်းက သူ့လိုမျိုး စွမ်းဆောင်နိုင်စွမ်းမရှိကြကြဘူး"
ယဲဖန်က ပျင်းရိစွာဖြင့် "မင်းအဘိုးက အသက်နည်းနည်းကြီးတယ်လေ။ ကိုယ်ပိုင်စွမ်းဆောင်ရည်အရဆို ငါက သူ့ထက်ပိုတော်တယ်"
"ဟုတ်တယ်၊ မင်းက စွမ်းဆောင်နိုင်စွမ်းအရှိဆုံးပဲ။ မနေ့က လူတော်တော်များများက မင်းဆီ စကားလာပြောကြတာကို ငါတွေ့ခဲ့ရတယ်" ပိုင်ယွင်ရှီက ပြောလိုက်သည်။
ယဲဖန်က ခေါင်းငြိမ့်လိုက်ပြီး "ဒါပေါ့ ငါက စွမ်းဆောင်နိုင်စွမ်းအလုံအလောက်ရှိတယ်လေ။ ဒါကြောင့် သူတို့အားလုံးက ဆက်သွယ်ရေးတစ်ခု တည်ဆောက်ချင်နေကြတာ"
"မင်းနဲ့ ကျန့်စီလျန်တို့ အကြာကြီး စကားပြောနေတာ တွေ့ခဲ့တယ်" ပိုင်ယွင်ရှီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဒါက သူ့ရဲ့ ကံမကောင်းတဲ့နှစ်ကြောင့်လား ဘာလားတော့ ငါမသိဘူး။ အဲ့ဒီလူက အမြဲတမ်း ကံဆိုးတာတွေနဲ့ပဲ တွေ့ဆုံနေခဲ့ရတာ။ ယွမ်ယီသေပြီတဲ့ ကြောက်စရာကောင်းလှတဲ့ သေဆုံးခြင်းမျိုးနဲ့ပေါ့။ ဒါကြောင့် ယွမ်ယီနောက်မှာ တစ်ယောက်ယောက်ရှိနေတယ်လို့ ငါသံသယဝင်နေမိတယ်" ယဲဖန်က ဆိုလိုက်သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...