အခန်း (၆၄)

2.2K 347 29
                                    

Unicode

ညသန်း​ခေါင်တွင် ပိုင်ယွင်ရှီသည် ​ရှောက်ချီထံမှ ဖုန်း​​​ခေါ်ဆိုမှုတစ်ခု ရရှိခဲ့သည်။

"ထ​တော့" ပိုင်ယွင်ရှီက ယဲဖန်အား တွန်းလိုက်သည်။

ယဲဖန်က သူ၏အိပ်ချင်နေ​သောမျက်လုံးများအား ဖွင့်ကာ "ဘာဖြစ်လို့လဲ။ ငါနဲ့အတူ အိပ်ချင်လို့လား။ လာ လာ ဒီကိုလာ၊ ငါ့အိပ်ရာက ​နွေးတယ်။ ဒီ​လောက်အမြန်ကြီး ပုံ​ပေါ်လာမယ်လို့ မထင်ထားဘူး။ ဒါ​ပေမဲ့ ငါနားလည်ပါတယ်။ ငါက ​အရမ်းရုပ်ချောတာ​လေ။ အခုဖြစ်ရင်ဖြစ် မဟုတ်ရင် ဘယ်​တော့မှ မဖြစ်​နိုင်တော့ဘူး​နော်"

ယဲဖန်ဟာ မျက်လုံးဖွင့်ထား​ပေမဲ့ သိသိသာသာပင် မနိုး​သေး​ပေ။

ထို့​နောက် ပိုင်ယွင်ရှီလက်အား ဆုပ်ကိုင်ကာ အိပ်ရာထဲသို့ ဆွဲချလိုက်သည်။

"ရပ်လိုက်​တော့"

ထို့​နောက် ယဲဖန်သည် ပိုင်ယွင်ရှီကို သိမ်းငှက်ကြီးက ကြက်​ပေါက်​လေးအား ဖမ်းထားသကဲ့သို့ သူ့​အောက်တွင် ဖိထား​လေသည်။ သူ၏ပူပြင်းလှသော အသံရှုသံကို ခံစားမိ​တော့ ပိုင်ယွင်ရှီသည် ရှက်​သွေးမဖြာပဲ မ​နေနိုင်​တော့​ပေ။

"ရပ်​တော့။ အဖိုးဆီမှာ တစ်ခုခုဖြစ်​နေပြီ"

"ဘာလဲ။ သူက စစ်တပ်ထဲမှာ မဟုတ်ဘူးလား။ အဲ့ဒီမှာ လုံခြုံတယ် မဟုတ်ဘူးလား" ယဲဖန်က တီးတိုးဆိုလာခဲ့သည်။

"သူလျှိုတစ်​ယောက် ခိုးဝင်လာတာ။ သူ့ရည်ရွယ်ချက်က အဖိုးကို သတ်မလို့ပဲ"

"သူ ဒဏ်ရာရသွား​သေးလား"

"မရဘူး။ မင်း​ပေးထားတဲ့​ကျောက်စိမ်းဆွဲသီးကအသုံးဝင်သွားတယ်။ ဒါ​ပေမဲ့ ကိုးခုက​တော့ တစ်ခါတည်း ပျက်စီးသွားတယ်။ ကံ​ကောင်းစွာနဲ့ပဲ မင်း လုံလုံ​လောက်​လောက်​ ပေးထားခဲ့လို့​ပေါ့။​ခြောက်ခု​လောက် ကျန်​သေးတယ်" ပိုင်ယွင်ရှီက ​ပြောလိုက်သည်။

"ငါ​ပေးထားတဲ့​ကျောက်စိမ်းဆွဲသီး​တွေက အတိုက်ခိုက်ခံရတဲ့အခါ ​နောက်ပြန်ခုန်ထွက်သွားတာ​လေ။ သူက တကယ်ပဲ ကိုးခုလုံး ဆုံးရှုံးသွားခဲ့တာ​ပေါ့။ သူ့ကို သတ်ဖို့ ကြိုးစားခဲ့တဲ့သူက မရိုးရှင်းလောက်ဘူး"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now