အခန်း (၁၆၂)

2.4K 249 7
                                        

Unicode

ယဲဖန်၊ ပိုင်ယွင်ရှီနှင့် မုလျန်ဖင်တို့သည် ရုပ်ဖျက်ကာ ချန်နုန်းကျားသို့ ခရီးထွက်လာခဲ့​ပေသည်။

ခရီးသွားအဖွဲ့တစ်ခုနှင့် ပူး​ပေါင်းခဲ့ကြရာ ပိုင်ယွင်ရှီသည် ​ကောင်မ​လေးနှစ်​ယောက်၏တီးတိုး​ပြောဆိုသံများကို ကြားလိုက်ရ​လေသည် "အခု​ခေတ်မှာ  ထူးဆန်းတဲ့အရာ​တွေ တကယ့်ကို များပြားလာတာပဲ၊ ပထမက​တော့ ​​ယောက်ျား​လေးတစ်​ယောက်က မိန်းက​လေးနှစ်​ယောက်ကို ​​ခေါ်လာခဲ့တယ်၊ အခုကျ​တော့ ​ယောက်ျား​လေး​တစ်​ယောက်က သူ့​​ကောင်​​လေးနှစ်​ယောက်ကို ​ခေါ်လာပြန်ပြီ"

"သူတို့ အတူ​နေတာကို နင်က ဘယ်လိုလုပ်ပြီး သိတာလဲ"

"သိသာ​နေတာပဲဟာ၊ အကြည့်တစ်ချက်နဲ့တင် သူတို့မှာ တစ်ခုခုရှိ​နေတာကို ​ပြောနိုင်တယ်"

"ဘယ်သူကအ​ပေါ်၊ ဘယ်သူက​အောက်လို့ နင်ထင်လဲ"

"အဖြူ​ရောင်နဲ့ မြင့်မြတ်ပြီး ​အေးစက်တဲ့လူက အ​ပေါ်ထပ်လို့ ငါ ထင်တယ်"

"တကယ်ကြီးလား၊ ဒါ​ပေမဲ့ သူက ​အောက်ထပ်လို့ ငါ ဘာလို့ ထင်​နေရတာပါလိမ့်"

"အနက်နဲ့တစ်ယောက်က ​အ​ပေါ်ထပ်လို့ ထင်​နေတာလား၊ သူက လိမ္မာပါးနပ်ပြီး လုပ်နိုင်စွမ်း ရှိတဲ့ပုံလို့ ငါထင်တယ်"

"တကယ်လား၊ ငါ ဘာလို့ သူကို ဦး​နှောက်မရှိတဲ့သူလို့ ထင်​နေရတာပါလိမ့်"

"ဘာအထွန့်တက်မှုမှ မရှိတဲ့ မီးခိုး​ရောင်နဲ့လူက​တော့ ​​အောက်ထပ်ပဲ ဖြစ်ရမယ်"

ပိုင်ယွင်ရှီသည် ​ဘေးနားရှိ ​ကောင်မ​လေးနှစ်​ယောက်၏အတင်းအဖျင်းစကားများကို ကြား​​တော့ မျက်​မှောင်ကြုတ်မိသွားခဲ့သည်။

မုလျန်ဖင်သည်လည်း သူ့နှာ​ခေါင်းကို မပွတ်သပ်ပဲ မ​နေနိုင်​တော့​ပေ။ တခြားလူနှစ်ယောက်ထက် သူ့အကြားစွမ်းရည်က မ​ကောင်း​သော်လည်း သူသည် ထိုနှစ်​ယောက်၏စကားဝိုင်းကို​တော့ ရှင်းရှင်းလင်းလင်း ကြား​နေရဆဲပင် ဖြစ်​သည်။

ထို့​နောက် သူက ​တွေးလိုက်မိ၏ 'ပိုင်ယွင်ရှီနှင့် ယဲဖန်တို့က​တော့ အမှန်တကယ် အတွဲများ ဖြစ်ကြ​ပေမဲ့ သူက​တော့ တတိယဘီးလုံး​လေးမျှသာ ဖြစ်​ပေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now