အခန်း (၁၆၈)

613 130 1
                                    

Unicode

ဝူမိသားစုတွင်

ဝူစီဟန်သည် ကိတ်မုန့်တစ်ပိုင်းကို လှီးပြီး ယဲဖန်ကို လှမ်းပေးလိုက်သည် "အခုတလော ဘယ်လိုနေလဲ"

"ကျွန်တော်လား အဆင်ပြေပါတယ်" ယဲဖန်ကဖြေလိုက်၏။

"ယွင်ရှီနဲ့ မင်းတို့ ဆက်ဆံရေးကရော ဘယ်လိုလဲ"

"အဆင်ပြေပါတယ်၊ ငါတို့တွေ တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေရှိနေကြပြီ၊ အရာအားလုံးက အဆင်ပြေချောမွေ့နေပါတယ်" ယဲဖန်က ပြောလိုက်၏။

ဝူစီဟန်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည် "ကောင်းတယ်၊ ကောင်းတယ်၊ ပိုင်ယွင်ရှီက ငယ်ငယ်လေးကတည်းက အလိုလိုက်ခံထားရတာ၊ မင်း သူ့အပေါ် သည်းခံရမယ်နော်"

ယဲဖန်က ခေါင်းငြိမ့်လိုက်ပြီး "ကျွန်တော် သိပါတယ်၊ သူ့မှာ အိပ်တဲ့အခါ အကျင့်ဆိုးတွေရှိတယ်၊ သူက အိပ်ရာတစ်ခုလုံး အပိုင်စီးထားရတာကို သဘောကျပြီး ညလယ်ရောက်ရင် ကျွန်တော့်ကို အိပ်ရာပေါ်ကနေ ခဏခဏကန်ချတတ်တယ်၊ ဒါပေမဲ့ ကျွန်တော် သူ့ကို အော်ရမယ့်အစား ကြမ်းပြင်ပေါ်မှာပဲ ဆင်းအိပ်ပေးလိုက်ပါတယ်၊ ကျွန်တော်လုပ်တာ ကောင်းတယ်မလား"

ဝူစီဟန်သည် ပိုင်ယွင်ရှီက ယဲဖန်ကို အိပ်ရာပေါ်က ကန်ချတာက သူနဲ့လိင်မဆက်ခံခင်လား၊ လိင်ဆက်ဆံပြီးမှလားဆိုတာ မေးချင်နေမိလေသည်။ ဒါပေမဲ့ ၎င်းက ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်တာကြောင့် နောက်ဆုံးတွင် လက်လျော့လိုက်ရပေသည်။

သူသည် ချောင်းဖွဖွဆိုးလိုက်ပြီး မေးလိုက်၏ "လူစိမ်းတစ်ချို့ မင်းအိမ်ထဲကို ဝင်လိုက်ထွက်လိုက် လုပ်နေတယ်လို့ ကြားတယ်၊ သူတို့က ဘယ်သူတွေလဲ"

"ဒီတိုင်း သီးခြားနေထိုင်နေကြတဲ့ လူအိုကြီးတွေအုပ်စုပါ၊ သူတို့ဆေးပညာက မဆိုးဘူးလို့ ကြားပေမဲ့ ပိုက်ဆံကျတော့ မရှိဘူး၊ သူတို့တွေက အသိတစ်ယောက်ညွှန်းလို့ ရောက်လာခဲ့တာဆိုတော့ လျစ်လျူရှုလို့ မရဘူးလေ၊ ဒါကြောင့် ကျွန်တော်က စေတနာ့ဝန်ထမ်းအဖြစ် လုပ်ပေးနေရတာပေါ့"

ယဲဖန်သည် သက်ပြင်းအရှည်ကြီး ချကာ "တခါတလေ လူတွေက ကိုယ်ဆန္ဒရှိသလို လုပ်ဆောင်လို့ မရဘူး၊ ပိုက်ဆံက အရာရာအားလုံးမဟုတ်ဘူးလေ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now