Unicode
ယဲဖန်သည် ခေါင်းငုံပြီး ဝူဟောက်ချန်ကို ကြည့်ကာ "ကောင်လေး မင်းဝိတ်နည်းနည်းချပြီး အစားလျော့စားသင့်တယ်ဆိုတာ မင်းသိလား"
ကြက်တောင်ပံကို ကိုင်ထားကာ ပြန်ဖြေသည် "ဦးလေးဖန် မင်းနှမြောမတွန့်တိုပါနဲ့။ ဒေါ်လေးကို လိုက်မယ့် မင်းက သဘောထားမကြီးသင့်ဘူးလား။ မင်းက နှမြောတွန့်တိုနေရင် ဘယ်သူက ဦးလေးကို လက်ထပ်ချင်မှာလဲ"
ယဲဖန်သည် "မင်းက မင်းအဒေါ်ကို သိလို့လား။ မင်းဝတုတ်လေး မင်းက ဘယ်လိုလုပ် သူနဲ့ယှဥ်လို့ရနိုင်မလဲ။သူက ငါနဲ့အိပ်မယ့်လူကွ"
"ဦးလေးဖန် မင်း မရှက်ဘူးလား"
ချန်ယွီ "....." သူက သခင်လေးပိုင်ကို ပြောတာလား။
"ဦးလေးဖန် ကျွန်တော့်ကို ဘာဂါနှစ်ခုလောက် မှာပေးပါအုံး" ဝူဟောက်ချန်က ပြောသည်။
"အဲ့ဒီပြန်ပေးဆွဲတဲ့သူတွေက တစ်ရက်လုံး တစ်ခုခု စားဖို့ မပေးဘူးလား။ မင်းကို ကြည့်ရတာ တစ်နှစ်လုံး မစားရသေးတဲ့ပုံနဲ့။ ဟမ်ဘာဂါလဲ မရဘူး။ မင်းဗိုက်ကိုလဲ ကြည့်အုံး။ မင်းဝိတ်ချသင့်နေပြီဆိုတာ မင်းသိလား" ယဲဖန်သည် မကျေမနပ် ပြောလိုက်သည်။
ဝူဟောက်ချန်သည် ယဲဖန်ကို မကျေနပ်မှုများအပြည့်ဖြင့် စိုက်ကြည့်နေသည်။
"သခင်လေးယဲ ဒီတစ်နပ်အတွက် ငါရှင်းပေးပါရစေ" ချန်ယွီသည် သဘောထားကြီးစွာ ပြောလိုက်သည်။
"အိုး ဒါက ကောင်းပြီလေ။ ဒါဆို ငါ မိသားစုဆိုဒ်ဘူးကြီး နှစ်ဘူး မှာလိုက်မယ်" ယဲဖန်သည် စိတ်လှုပ်ရှားစွာ ပြောသည်။
ဝူဟောက်ချန်သည် အမြန် ပြောလိုက်သည် "ကျွန်တော် သစ်သီးရေခဲမုန့်နဲ့ ကြက်ဥဌာပနာမုန့် စားချင်တယ်"
ချန်ယွီ "....."
ဝူဟောက်ချန်သည် ဟမ်ဘာဂါကို အလောတကြီးစားနေစဥ်တွင် ချန်ယွီသည် အစားအစာတစ်ပုံတစ်ခေါင်းကြီးကို မှာယူလိုက်သည်။
"သခင်လေးယဲ အဲ့ဒီလူမိုက်တွေ အစားအဆိပ်သင့်တယ်လို့ ပြောတာက တကယ် သင့်လျော်ပါ့မလား" ချန်ယွီသည် အအေးသောက်နေသည့် ယဲဖန်ကို ကြည့်ပြီး မေးလိုက်သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...