Unicode
သူ့အပိုင်းအား ရိုက်ကူးနေစဥ် စုန်လင်ဖုန်းသည် စုန်ချီမင်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို ရရှိခဲ့ကာ စုန်မိသားစုထံသို့ ဦးစွာ သွားရောက်ခဲ့သည်။
"ဝမ်းကွဲ မင်းငါ့ကို တွေ့ချင်လို့လား။ ငါ့မှာ အချိန်ဇယားတွေ တင်းကျပ်နေတာ မင်းလဲသိပါတယ်" စုန်လင်ဖုန်းက စိတ်မရှည်စွာ ပြောလိုက်သည်။
"မင်း စုန်ယွမ်ရဲ့တစ္ဆေမင်္ဂလာပွဲကို ဂရုစိုက်လိုက်မယ်လို့ ပြောတယ်လေ။ အခု အဲ့ဒါ ဘယ်လိုနေတုန်း"စုန်ချီမင်က အေးစက်စွာ မေးလိုက်သည်။
စုန်လင်ဖုန်းက အပြစ်နည်းနည်းနှင့် ပြောလာ၏ "ငါ နည်းလမ်းတစ်ခု ရှာနေတုန်းပဲ။ ပြီးခါနီးနေပါပြီ"
"စုန်ယွမ်က မင်း သူ့အတွက် ရွေးချယ်ထားတဲ့တစ်ယောက်ကို မကျေနပ်လို့ဆိုပြီး ငါ့ကို ဒုက္ခလာပေးနေတယ်"စုန်ချီမင်က အေးတိအေးစက် ပြောလာ၏။
စုန်လင်ဖုန်းမျက်လုံးများသည် မသိစိတ်အရ ပြူးကျယ်လာပြီး "မဖြစ်နိုင်တာ"
စုန်ယွမ်သည် သူမသေခင်က ဂေးတစ်ဦးဖြစ်လေသည်။ ဒါကြောင့် သူ့အတွက် ယောကျ်ားတစ်ဦးကို ရွေးချယ်ပေးခဲ့၏။ ထန်ဝူရွမ်းကို တွေ့ဖို့ တစ်ကြိမ် ခေါ်သွားပေးခဲ့ကာ သူက အတော်လေး ကျေနပ်နေခဲ့သည်။ ထိုအချိန်တုန်းက သူသည် ထန်ဝူရွမ်းဟာ လူသားတွေကြားမှာသာမက သရဲတွေကြားမှာပါ ရေပန်စားနေသည်ဟု တွေးနေခဲ့သေးသည်။
"မင်း သူ့အတွက် ရွေးပေးထားတဲ့တစ်ယောက်က ကောက်မန်ကျင်းလို့ ခေါ်တာလား" စုန်ချီမင်က မေးလာ၏။
စုန်လင်ဖုန်းအမူအရာသည် ပြောင်းလဲသွားကာ "မဟုတ်ဘူး" အဲ့ဒါက ထန်ဝူရွမ်းအကိုကြီးရဲ့ နာမည် မဟုတ်ဘူးလား။ သူက ရှင်းရှင်းလင်းလင်းကို ထန်ဝူရွမ်းကို ရွေးချယ်ခဲ့တာလေ။
စုန်ချီမင်က မျက်မှောင်ကြုတ်သွားကာ "လက်ထပ်ပွဲသဘောတူညီစာချုပ်က ပြီးမြောက်သွားပြီ၊ အဲ့ဒါက ကောက်မန်ကျင်းပဲ။ ဒီကောက်မန်ကျင်းဆိုတာ အတိအကျကို ဘယ်သူတုန်း"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...