အခန်း (၁၀၄)

1.8K 285 2
                                    

Unicode

ပိုင်ယွင်ရှီ၏ရုံးခန်းထဲတွင် ယဲဖန်သည် ဝိညာဥ်ချီစွမ်းအင်များကို ငြီးငွေ့စရာကောင်းစွာ စုပ်ယူနေခဲ့သည်။

ချီစွမ်းအင်စုလိပ်ကြောင့် ပတ်ဝန်းကျင်တွင် ချီစွမ်းအင်များက အတော်လေး သိပ်သည်းနေခဲ့၏။

သူသည် ရုတ်တရက်ကြီး မျက်လုံးဖွင့်လာပြီး စိတ်လှုပ်ရှားစွာဖြင့် "ချီကျင့်ကြံခြင်းအဆင့်ငါးအထိ ငါလုပ်နိုင်ခဲ့ပြီ"

"ဂုဏ်ယူပါတယ်" ပိုင်ယွင်ရှီက ပြောလိုက်သည်။

"ဒီနေရာက ချီစွမ်းအင်က အရမ်းနိမ့်လွန်းနေပေမယ့် ချီကျင့်ကြံခြင်း အဆင့်ငါးကို မြန်မြန်ရောက်လာနိုင်သားပဲ။ ငါက ပါရမီရှင်တစ်ဦးပဲ" ယဲဖန်သည် ဂုဏ်ယူစွာ ပြောလာ၏။

ပိုင်ယွင်ရှီ "....."

ပိုင်ယွင်ရှီကို ကြည့်လိုက်ပြီး ယဲဖန်က ချောင်းအနည်းငယ် ဟန့်လိုက်ရင်း မေးလိုက်သည် "ယွင်ရှီ မင်း ကျင့်ကြံရေးကကော ဘယ်လိုလဲ"

ပိုင်ယွင်ရှီ "ချီကျင့်ကြံခြင်း ဒုတိယအဆင့်လောက်တော့ ရောက်ပြီ"

ယဲဖန်သည် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "အွန်း ငါ ထင်သားပဲ။ မင်းလိုမျိုး ပင်ကိုစွမ်းရည်ဆိုးတဲ့လူတွေက အချိန်နည်းနည်းတော့ ကြာတတ်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါ မင်းကို အကြံဥာဏ်တစ်ချို့လောက်တော့ ပေးနိုင်ပါတယ်"

ပိုင်ယွင်ရှီ "....." မင်းလမ်းညွှန်ချက်နဲ့ဆို ငါလမ်းလွှဲမသွားလောက်ဘူးဆိုတာ မင်းသေချာလို့လား။

"ငါ့မိသားစု သူတို့တွေကော ကျင့်ကြံလို့ရနိုင်လောက်လား" ပိုင်ယွင်ရှီက မေးလိုက်သည်။

ယဲဖန်က ခေါင်းယမ်းလိုက်ပြီး "မရဘူး။ သူတို့တွေမှာ ဝိညာဥ်အရင်းအမြစ်မရှိဘူး။ ဒါပေမဲ့ ဒါက မကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒီက ချီစွမ်းအင်တွေက အရမ်း နိမ့်လွန်းတယ်။ မင်းလိုမျိုး အထူးခန္ဓာကိုယ်ရှိတဲ့ လူတောင် မင်းဘဝတစ်ခုစာလုံးအတွက် ချီကျင့်ကြံခြင်းဒုတိယအဆင့်လောက်ထိပဲ လုပ်နိုင်လိမ့်မယ်"

ပိုင်ယွင်ရှီက စိတ်မကောင်းစွာဖြင့် "တစ်ယောက်လေးတောင် မရဘူးလား"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now