အခန်း (၁၃၂)

1.5K 262 6
                                    

Unicode

သူတို့​ပြော​နေတာကို နား​ထောင်နေခဲ့သည့် ကျန်းရွမ်က မ​မေးဘဲ မ​နေနိုင်ခဲ့တော့​ပေ "မင်းရဲ့ဆရာနဲ့ ဂျူနီယာညီမ​လေးအ​ကြောင်းကို မင်း ဘာလို့ ဖြန့်လိုက်ရတာလဲ၊ မင်းအတွက်လဲ ​ကောင်းကျိုး မရှိတဲ့ဟာကို"

လစန္ဒာနန်း​တော်ရှိလူများက သူတို့၏နာမည်ဂုဏ်သတင်းအား အ​တော်​လေး တန်ဖိုးထားတတ်ကြ​ပေသည်။ သူတို့​တွေက ရှစ်ယွဲ့ဆိုတာ သိသွားခဲ့ရင် သူမကို​တောင် သတ်ပစ်ချင်​နေကြ​ပေလိမ့်အုံးမည်။

ရှစ်ယွဲ့မျက်လုံးထဲတွင် ပြင်းထန်သည့် အမုန်းတရားများ ​ပေါ်​ပေါက်လာပြီး "ကျွန်မ လစန္ဒာနန်း​တော်ကို မုန်းတယ်၊ သူတို့က သူတို့ကိုယ်သူတို့ မြင့်မြတ်တဲ့ အပျို​​စင်တွေအဖြစ် မှတ်ယူ​နေကြပြီး သူတို့​တွေကသာ မြင့်မြတ်ပြီး သန့်စင်​နေကြတယ်လို့ ထင်​နေကြတာ​လေ၊ လစန္ဒာနန်း​တော်ထက် ပိုညစ်ပတ်​တဲ့နေရာ မရှိ​တော့ဘူး၊ ကမ္ဘာ​ပေါ်မှာ အဲ့ဒီ​နေရာက စက်ဆုပ်ရွံရှာဖွယ်အ​ကောင်းဆုံး​နေရာပဲ"

မျက်​တောင်​လေးခတ်လျက် ကျန်းရွမ်သည် သူကိုယ်သူ ​ပြော​နေလိုက်၏ 'မိန်းက​​​လေး၊ မင်းက လစန္ဒာနန်း​တော်ရဲ့ အဖွဲ့ဝင်တစ်​ယောက်​လေ၊ ဒီလို ​ပြောဖို့က တကယ်​ကော သင့်​တော်လို့လား'

"​တောက်ဆရာကျန်း ရှင်လဲ အဲ့ဒီအ​ကြောင်းကို ကြားဖူးမယ်လို့ ကျွန်မထင်တယ်၊ လစန္ဒာနန်း​တော်ထဲဝင်တဲ့ လူတိုင်းက ​သေမျိုး​လောကမှာရှိတဲ့ သူမရဲ့ဆက်သွယ်မှု​တွေအားလုံးကို ဖြတ်​တောက်ပစ်ဖို့ လိုအပ်တယ်​လေ၊ ဒါ​ကြောင့် လစန္ဒာနန်း​တော်က တပည့်​တွေအားလုံးက အရည်အချင်း​ကောင်း​တွေရှိကြတဲ့ မိဘမဲ့​တွေပဲဖြစ်ကြတယ် ဆိုတာ​"

ကျန်းရွမ်က ​ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်​လေ၊ ငါ အဲ့ဒီဟာကို ကြားခဲ့ဖူးတယ်​"

ကျန်းရွမ်သည် လစန္ဒာနန်း​တော်က သူတို့၏ ခန္ဓာကိုယ်နဲ့ စိတ်နှလုံးသားကို လနတ်ဘုရားဆီ ​ပေးဆပ်ရမယ်ဆိုပြီး ​ထောက်ခံခဲ့ကြသည့် ကွဲပြားသည့်အယူဝါဒရှိသည့်ဂိုဏ်းတစ်ခုနှင့် တူညီသည်ဟု ခံစားရ​​ပေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now