အခန်း (၁၅၃)

1.1K 189 3
                                    

Unicode

ယဲဖန်သည် ဓါးပျံ​ပေါ်တွင် ရပ်​နေပြီး ​လေထဲ၌ ပျံသန်း​နေခဲ့​​ပေသည်။ သူ့ခန္ဓာကိုယ်​ပေါ်တွင် ဖုံးကွယ်အ​ဆောင်တစ်ခုနှင့် ယဲဖန်ဟာ တက္ကစီတစ်စီး​နောက်ကို ​အေး​အေး​ဆေး​ဆေးလိုက်​နေခဲ့​လေသည်။

ရုတ်တရက် သူ့ဖုန်းမြည်လာခဲ့​၏။

"အခု မင်း ဘယ်မှာလဲ" ပိုင်ယွင်ရှီက ​မေးလိုက်၏။

"​လေထဲမှာ​လေ၊ လိုင်းမ​ကောင်းဘူး" ယဲဖန်က ​ပြောလိုက်၏။

"မင်း ဖုံးကွယ်အ​ဆောင် သုံးထားလား၊ ဓါတ်ပုံအရိုက်ခံမိ​မလာစေနဲ့​နော်" ပိုင်ယွင်ရှီက စိုးရိမ်တကြီး ​ပြောလိုက်၏။

"ဒါ​ပေါ့၊ စိတ်မပူပါနဲ့၊ ငါ အဲ့​လောက်မတုံးပါဘူး"

ပိုင်ယွင်ရှီသည် သူ့ဖုန်းကို ကြည့်ရင်း ​တွေးလိုက်မိ​လေသည် 'ငါတကယ့်ကို မင်းဘယ်​လောက်​တောင်တုံးအလဲဆိုတာ မသိ​တော့ဘူး'

"မင်း ​လေထဲမှာ ဘာလုပ်​နေတာလဲ" ပိုင်ယွင်ရှီက ​မေးလိုက်၏၊

"ငါ အဲ့ဒီအမျိုးသမီး​နောက်လ်ုက်​နေတာ​လေ၊ အဲ့အမျိုးသမီးက တက္ကစီ​စီး​နေတာ၊ လူအရမ်းများလွန်းလို့ မလှုပ်ရှားနိုင်ဘူး ဖြစ်​နေတယ်" ယဲဖန်သည် ​နောင်တဖြင့် ​ပြောလိုက်၏။

ပိုင်ယွင်ရှီက အသက်ပြင်းပြင်းရှုလိုက်ပြီး "လူနည်းပြီး အ​နှောင့်အယှက်မဖြစ်တဲ့​နေရာကို ရှာတာ ပို​ကောင်းတယ်"

ယဲဖန်က သူ့ဖုန်းကို ​ဘေးဖယ်လိုက်ပြီး "နားလည်ပါတယ်၊ တစ်​ယောက်မှ ရှာမ​တွေ့နိုင်​အောင် အ​ကောင်းဆုံးကြိုးစားမှာပါ" ဟု ​ပြောလိုက်​လေသည်။

.......

တက္ကစီ​ပေါ် ထိုင်​နေရင်း ရွတ်​စွေက ​နောက်သို့ လှည့်ကြည့်လိုက်ပြီး "စီနီယာအစ်မ သူ မလိုက်လာနိုင်​တော့ဘူး၊ ယဲဖန်က အကြီးကြီးလဲ မဟုတ်ပါဘူး"

မျက်​မှောင်ကြုတ်လိုက်ရင်း ရွတ်ယွမ်က ​စောင့်ကြည့်ခံ​နေရသလိုမျိုး ခံစားနေရ​လေသည် "ငါ နည်းနည်းလေး စိတ်မ​အေးသလို ခံစား​နေရတယ်"

ရွတ်​စွေက နှာမှုတ်လိုက်ပြီး "ဗီလာကိုပဲ ပြန်ကြရ​အောင်ပါ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now