အခန်း (၄၈)

2.4K 316 16
                                    

Unicode

ယဲဖန်သည် ကျန်းဝန်​ထောက်၏​နေရာမှ ထွက်လာခဲ့ပြီး ချက်ချင်းပင် ​ဆေးရုံသို့ သွားခဲ့သည်။

"မင်းက ဒီမှာလား" ယဲဖန်ကို မြင်​တော့ ပိုင်ယွင်ရှီက တိတ်တဆိတ်သက်ပြင်းချလိုက်လေသည်။ ဒီ​ကောင်က အားမကိုးရသည့်ပုံ​ပေါ်​သော်လည်း သူ့ဆီကနေ​ လုံခြုံမှုကို ​ခံစား​ရ​လေသည်။ သူဝင်လာသည်နှင့် ပိုင်ယွင်ရှီက သူ့တစ်ကိုယ်လုံး တင်းမာမှုများ ​လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။

"မင်း ငါ့ကို လာခိုင်းတယ်ဆိုကတည်းက ငါ​သေချာ​ပေါက်လာရမှာ​ပေါ့။ မင်း​ကြောက်​နေရင် ငါ့ပုခုံး​ပေါ်မှီထားလို့ရတယ်​​နော်" ယဲဖန်က မ​တွေးဘဲ​ ပြောထည့်လိုက်သည်။

ပိုင်ယွင်ရှီ "....."

သူတို့စကား​ပြော​နေစဥ် ယဲဖန်က ​တောက်ပ​နေသည့် မျက်လုံးများဖြင့် ကြည့်​နေ​လေသည် "လာ လာ ငါ့ဆီက​နေ အခွင့်​ကောင်းယူလိုက်စမ်းပါ"

ထိုအချိန်တွင် ​ရှောက်ချီက ခက်ထန်သည့်မျက်နှာဖြင့် လမ်း​လျှောက်လာ​နေသည်။ သူက ​ချောင်းဆိုးလိုက်ပြီး သူတို့နှစ်​ယောက်အား ဘာစကားမှ မ​ပြောဘဲ ​အေးစက်စွာ စိုက်ကြည့်​ခဲ့သည်။

ယဲဖန်က ​ရှောက်ချီအား ​တွေ့​သောအခါ သူ့​ရှေ့သို့ တ​လေးတစားဦးညွှတ်လျက် "မင်္ဂလာပါ အဖိုး"

​ရှောက်ချီက လက်​နောက်ပစ်ရင်း "ဘယ်သူက မင်းအဖိုးလဲ"

"အခု​တော့ မဖြစ်လာ​သေး​ပေမဲ့ အနာဂတ်မှာ​တော့ ဖြစ်လာနိုင်မှာပါ" ယဲဖန်က ​ပြောလိုက်သည်။

​ရှောက်ချီက မ​ကျေမနပ်ဖြင့် "မင်း ဒီစကား​ပြောဖို့အတွက်က ​စောလွန်း​နေ​သေးတယ်"

"ဘာပဲ​ပြော​ပြော​လေ။ နောက်ဆုံးတစ်​ခေါက်တုန်းကျွန်​တော့်ဖုန်းကို ဘာလို့ချပစ်လိုက်ရတာလဲ" ယဲဖန်က နစ်နာ​နေသည့်​လေသံဖြင့် ​မေးလိုက်လေသည်။ ယဲဖန်က ထိုအ​ကြောင်းကို မ​ပြောခင်တုန်းက လူတိုင်းက အဆင်​ပြေ​​နေ​သေးသည်။ သူထုတ်​ပြောလာ​သောအခါ ​ရှောက်ချီက ချက်ချင်းပင် ​ပေါက်ကွဲထွက်သွား​လေသည် "​မင်းဖုန်းကို ကိုင်လိုက်​လို့ ငါနေမ​ကောင်းဖြစ်သွားတာ​လေ။ ငါ ချက်ချင်းကို ဖုန်းချလိုက်သင့်တာ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now