Unicode
ကားပေါ်တွင် ထိုင်ကာ အပြင်ဘက်ရှိ ဆူညံနေသော မြင်ကွင်းကို ကြည့်ရင်း လျောက်တင်းတင်းသည် ကင်းမဲ့သွားသလို ခံစားလိုက်ရ၏။
"လူတွေ အများကြီးပဲ၊ သူတို့တွေက ဒီမှာ ဘာလုပ်နေကြတာလဲ၊ မြို့တော်ပတ်ပတ်လည်က သူဌေးတွေအားလုံး ဒီမှာ လာစုဝေးနေကြတဲ့ပုံ၊ သူတို့က ဘာလိုချင်နေကြတာတုန်း" ဟူယုချင်းက အံ့သြသွား၏။
လျောက်တင်းတင်းသည် မျက်မှောင်ကြုတ်ရင်း တွေးနေမိ၏ 'ယဲဖန်ရဲ့မှော်လက်နက်တွေကြောင့် ဖြစ်မှာပေါ့'
သူမသည် ၎င်းကို မယုံကြည်ခဲ့သော်လည်း လူတော်တော်များများက ယဲဖန်ဟာ သီးသန့်နေထိုင်သည့်ဆရာသခင်ဆီကနေ တစ်စုံတစ်ခုကို သင်ယူခဲ့ကြောင်း သူမအား လာပြောခဲ့ကြသည်။ အခုဆို သူက မကောင်ဆိုးဝါးများကို နှိမ်နင်းနိုင်ကာ မိသားစုတစ်စု၏ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးနိုင်ခြင်း၊ တစ်စုံတစ်ယောက်၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုံခြုံစေခြင်းနှင့် မြို့တော်ရှိအထက်တန်းလွှာများကတောင် လေးစားရလောက်အောင်အထိ သူဟာချမ်းသာပေသည်။
၎င်းက အနည်းငယ် ယုံကြည်နိုင်ဖွယ် မရှိသော်လည်း လူအများစုက ယုံကြည်နေခဲ့တာကြောင့် ၎င်းက အခြေအမြစ်မရှိတာတော့ မဟုတ်လောက်ပေ။
"ယဲဖန်ဘေးက နိုင်ငံခြားသားက Mနိုင်ငံက သင်္ဘောဘုရင်ရဲ့ ဒုတိယသား ဂျော့ရှ်ပဲ ဖြစ်လိမ့်မယ်၊ သူက ရင်းနှီးမြှုပ်နှံဖို့ လာတာလို့တော့ ငါ ကြားတယ်"
လျောက်တင်းတင်းသည် ဂျော့ရှ်ကို တစ်ချက်ကြည့်လိုက်၏။ ဒီမှာ လူအများစုက ယဲဖန်အတွက် ရောက်လာကြတာ ဖြစ်ပေမဲ့ တစ်ချို့လူများကတော့ ဂျော့ရှ်၏ ရင်းနှီးမြှုပ်နှံမှုကိစ္စအတွက် ရောက်လာကြခြင်းပင် ဖြစ်သည်။ ဂျော့ရှ်က စီးပွားရေးအသိဥာဏ်မရှိဘူးလို့ ပြောကြပေသည်။ ဂျော့ရှ်နှင့် တစ်ယောက်ယောက်က ချိတ်ဆက်နိုင်ခဲ့ရင် ထိုလူဟာ ရင်းနှီးမြှုပ်နှံမှာများစွာကို ရရှိနိုင်ပေလိမ့်မည်။ ဒါက ဘယ်လောက်တောင် ကြီးမားလှတဲ့ အခွင့်အရေးကြီးတုန်း၊ ဒါက လုံးဝကို ထိုက်တန်ပေသည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Abenteuer"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...