အခန်း (၁၂၂)

1.2K 225 2
                                    

Unicode

"မင်းကိုယ်မင်း ဂုဏ်ယူပြမနေနဲ့အုံး" ယဲဖန်သည် ထိုလူကို ကြည့်ရင်း သူကျင့်ကြံမှုက မုလျန်ဖင်ထက်တောင် နိမ့်ကျနေတာကို ဘာလို့များ စိတ်ကြီးဝင်နေရသလဲဆိုတာ အံ့သြနေမိတော့သည်။

ယန်အိုသည် ယဲဖန်ထံမှ စွမ်းအားများကို မခံစားရသည့်အတွက် သူ့အား တိုက်ရိုက်လျစ်လျူရှုထားလိုက်ပြီး ရိုးအသည့် လူ့ချမ်းသာတစ်ဦးဟုသာ တွေးလိုက်တော့သည်။

"ဒီပွဲရဲ့ အရည်အသွေးတွေက ပိုပိုပြီး နိမ့်ကျလာတာပဲ။ သူတို့တွေက ဘယ်သူ့ကိုမဆို ဝင်ခွင့်ပြုနေကြတော့တာ"

ယန်အိုမျက်လုံးများက ယဲဖန်ကို ဖြတ်ကျော်သွားပြီး မုလျန်ဖင်အပေါ် ကျရောက်သွားခဲ့သည်။

"မုလျန်ဖင် မင်းက အပြင်ထွက်လာဖို့ မျက်နှာရှိသေးတယ်ဆိုတာ တစ်ခါမှ မတွေးထားမိဘူး။ ငါ့အစ်မကြီဆီက တိုက်ခိုက်မှု အချက် ၂၀ အတွင်း အကန်ခံလိုက်ရပြီး မင်းမှာ မင်းမျက်နှာကို ပြသချင်စိတ်ရှိနေသေးတာလား"

"အိုး ငါသိပြီ။ ငါ့အစ်မကြီးခြေထောက်အောက်မှာ အနင်းခံလိုက်ရတာကြောင့် ဒီကို ပြဿနာရှာဖို့ တစ်ယောက်ယောက်ကို ခေါ်လာခဲ့တာလား။ ဒီနေ့ မင်း ဘယ်သူကို ခေါ်လာတာတုန်း။ ငါ့အစ်မကြီးအပေါ် မင်းက အပြစ်တင်ချင်နေတာလား။ အရှုံးသမား။ ငါ့အစ်မကြီးနဲ့ အတူနေချင်ရလောက်အောင် မင်းကိုယ်မင်း ဘာထင်နေတာတုန်း" ယန်အိုက ထေ့ငေါ့ပြောလိုက်သည်။

ယဲဖန်သည် မုလျန်ဖင်ဘက် လှည့်ကြည့်လာပြီး အံ့သြနေမိသည်။

မုလျန်ဖင်ကတော့ ယန်အိုကို စိတ်ပျက်နေသည့်မျက်နှာထားဖြင့် ကြည့်နေခဲ့ပေသည်။

"မင်းအစ်မကြီးဆိုသူက အရမ်းကြမ်းတမ်းမယ့်ပုံပဲ။ ကျားမတစ်ကောင်လိုမျိုးပေါ့။ သူမကို လက်ထပ်မယ့် ဘယ်သူပဲဖြစ်ဖြစ် ကံဆိုးတော့မှာပဲကွာ။ မင်းအသွင်အပြင်ကို အကဲခတ်ကြည့်ရသလောက်ဆို မင်းအစ်မကြီးဆိုသူလဲ လှမှာမဟုတ်လောက်ပါဘူး။ စိတ်တိုလွယ်ပြီး ရုပ်ကလဲ ဆိုးသေး။ အရမ်းကြောက်ဖို့ကောင်းလိုက်တာ။ ဒီလို ကြောက်စရာကောင်းတဲ့ အမျိုးသမီးက ဘာလို့အရမ်းဇီဇာကြောင်နေရတာလဲ။ ကြည့်ရတာ သူမကို လက်ထပ်မယ့်သူ ဘယ်သူမှမရှိတော့တဲ့ပုံပဲ" ယဲဖန်က လက်နောက်ပစ်ကာ ပြောလိုက်သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now