Unicode
"ပါမောက္ခရှောက် မင်းအဆင်ပြေရဲ့လား" ချန်ယန်က တုန်လှုပ်စွာ မေးလိုက်သည်။
ယဲဖန်က သွေးထွက်နေသော ချန်ယန်အား ကြည့်ကာ "ဒီလူအိုကြီးက အဆင်ပြေတယ်၊ ဒါပေမဲ့ မင်းအခြေအနေကတော့ ပြင်းထန်နေတယ်နော်။ မင်းသွေးတွေထွက်နေပြီ။ အိုး မင်း အပြင်းအထန် ထိခိုက်ထားတာမလား။
အပြင်းအထန်ထိခိုက်ထားရင် အရူးတစ်ယောက်လိုမျိုး ပြောင်းလဲသွားတယ်လို့ ငါကြားဖူးတယ်"
ရှောက်ချီ "....."
ချန်ယန်က ပြုံးကာ "ဒဏ်ရာအသေးလေးပါ၊ စိတ်မပူပါနဲ့။ သခင်လေးယဲက ကိုယ်ခံပညာရပ်ကျွမ်းကျင်သူလို့ မထင်ထားဘူး၊ မဟုတ်ရင် ငါတို့အားလုံး သေသွားလောက်ပြီ" ချန်ယန်က မျက်မှောင်ကြုတ်လိုက်သည်။ တစ်ယောက်ယောက်က သူတို့စစ်တပ်ပိုင်ကားမှာ ဗုံးတစ်လုံးတောင် တပ်ထားရဲသေးတယ်၊ ရှက်စရာကောင်းလိုက်တာ။
"ကျွန်တော်က ကောင်းကောင်းဖုံးကွယ်ထားတာလေ၊ ပုံမှန်ဆို ဘယ်သူမှ မပြောနိုင်ဘူး" ယဲဖန်က ရောင့်ရဲတင်းတိမ်စွာ ဆိုလာခဲ့သည်။
ချန်ယန်သည် မျက်နှာလိုမျက်နှာရစကားတစ်ချို့ ပြောချင်သေးသော်လည်း ယဲဖန်ဟာ အတော်လေး တင်းမာလာတာကို တွေ့လိုက်ရသည်။
"လာနေပြီ" ယဲဖန်မျက်လုံးများတွင် ရုတ်တရက် အေးစက်သောအလင်းတန်းတစ်ခု တောက်ပသွားသည်။
ထိုစကားကို ကြားတော့ ချန်ယန်နှလုံးသားဟာ တင်းကျင်းလာခဲ့သည်။
ကျည်ဆံတစ်ခုသည် ရှောက်ချီမျက်နှာဆီသို့ ပျံသန်းလာခဲ့ရာ ယဲဖန်သည် မြားငယ်တစ်ခုအား ပစ်ထုတ်လိုက်သည်။
မြားငယ်နှင့် ကျည်ဆံတို့ ထိတွေ့ခဲ့ပြီးနောက် ကျည်ဆံသည် မူလလမ်းကြောင်းကနေ သွေဖယ်သွားကာ ရှောက်ချီနားရွက်နားမှ ဖြတ်သန်းသွားသည်။ ထို့နောက် မြားငယ်သည် အနောက်ခုံတွင် ပုန်းနေသော စနိုက်ပါသမား၏လည်ပင်းကို ထိမှန်ခဲ့သည်။
ယဲဖန်သည် အရှိန်ပြင်းပြင်းနှင့်မောင်းနှင်သွားသည့်ကားအား ကြည့်နေရင်း သူ့မျက်လုံးထဲတွင် အေးစက်သောအလင်းတန်းများ ဖြတ်သန်းသွားခဲ့သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...