Unicode
"သခင်ကြီးပိုင် အကူအညီလိုအပ်သေးလား" ဆိုင်ပိုင်ရှင်က ထွက်လာပြီး လူအိုကြီးကို ရိုရိုသေသေ ပြောလိုက်သည်။
"ဘာလဲ။ မင်းရဲ့ မျိုးရိုးကလဲ ပိုင်ပဲလား။ ကျွန်တော့်မိန်းမမျိုးရိုးလဲ ပိုင်ပဲ၊ ဘယ်လိုတောင် တိုက်ဆိုင်လိုက်လဲ" ယဲဖန်က အပြုံးလေးဖြင့် ဆိုလိုက်၏။
"သူက မင်းမိန်းမ မဖြစ်သေးပါဘူး" ပိုင်ရှစ်ယွမ်က ဆိုလာ၏။
ယဲဖန် "သူက အနာဂတ်မှာတော့ ဖြစ်လာမှာလေ"
"မင်း ဒီလို ပြောဖို့အတွက်က စောလွန်ပါသေးတယ်" ပိုင်ရှစ်ယွမ်က ထေ့ငေါ့လိုက်၏။
ယဲဖန်က သူ့အားကြည့်ကာ စိတ်ရှုပ်ထွေးနေလေသည် "ဆရာ ကျွန်တော်က ကျွန်တော့်မိန်းမအကြောင်း ပြောနေတာလေ။ ဆရာက ဘာလို့ အရမ်းစိတ်ဆတ်နေရတာလဲ"
ပိုင်ရှစ်ယွမ်သည် သူ့စကားများကြောင့် အသက်မရှုနိုင်လုနီးပါး ဖြစ်သွားလေသည် "ငါ ဘယ်သူလဲဆိုတာ မင်းသိလား"
ယဲဖန်က ခေါင်းယမ်းလိုက်ကာ "မသိဘူးလေ"
ပိုင်ရှစ်ယွမ် "....." ဒီမျိုးမစစ်ကောင်က ငါဘယ်သူလဲဆိုတာတောင် မသိသေးဘူးပေါ့။
"ငါက ပိုင်ရှစ်ယွမ်ပဲ" ပိုင်ရှစ်ယွမ်က အံ့ကြိတ်ကာ ဆိုလိုက်၏။
"မင်းက ဘာလို့ ဒီနာမည် မှည့်ထားရတာလဲ။ သူ့အသံထွက်က ထွက်ရတာ အရမ်းခက်တာ။ အိုး မင်းနာမည်အသံထွက်က နည်းနည်းလေး ရင်နှီးနေတယ်နော်။ အား ကျွန်တော် သတိရပြီ။ မင်းက ယွင်ရှီအဘိုးပဲ" ယဲဖန်က အပြုံးကြီးကြီးတစ်ခုကို ချက်ချင်း ချိတ်ဆွဲလိုက်သည်။
ပိုင်ရှစ်ယွမ် "....." ဒီခွေးကောင်ကတော့။
"ကောင်းပြီ။ အဘိုး ....."
"ဘယ်သူက မင်းအဘိုးတုန်း"
"ကောင်းပြီလေ၊ လူအိုကြီး ဒီကျောက်စိမ်းတုံးကို ကျွန်တော်ဆီ ပေးလိုက်ပါနော်။ ကျွန်တော် ဒါနဲ့ ပိုက်ဆံရှာပြီးတော့ အနာဂတ်မှာ စေ့စပ်ကြောင်းလမ်းလက်ဆောင်အဖြစ် မင်းကို ပြန်ပေးမှာပဲလေ။ မင်းအရှုံး လုံးဝမရှိပါဘူး။ ကျွန်တော်တို့ အရမ်းနီးကပ်တယ်ဆိုကတည်းက သဘောထားသေးသိမ်မနေပါနဲ့တော့"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...