အခန်း (၁၁၇)

1.8K 309 3
                                    

Unicode

ယဲမိသားစု၌

"အဖေ ဝူမိသားစုရဲ့စင်းလုံးငှားလေယာဥ် ထွက်သွားပြီ" ယဲစောက်ဟွေ့က ပြောလိုက်လေသည်။

"ဝူထန်မင် မျိုးမစစ်ခွေးကောင်" ယဲတင်းဟုန်သည် မြေပြင်ပေါ်သို့ သူ့တုတ်ကောက်ဖြင့် ဆောင့်ချရင်း စိတ်မရှည်စွာဖြင့် အခန်းပတ်လည် လမ်းလျှောက်နေခဲ့လေသည်။

ယဲစောက်ဟွေ့က မျက်မှောင်ကြုတ်လိုက်ပြီး အတော်လေး ဝမ်းနည်နေခဲ့ပေသည်။

ယဲဖန်သည် လူတိုင်းကို ဖိတ်ကြားခဲ့ပြီး သူတို့ယဲမိသားစုက တစ်ဦးတစ်ယောက်ကိုမျှ မဖိတ်ကြားခဲ့ခြင်းသည် သူတို့အား အရှက်တကွဲဖြစ်သွားစေခဲ့လေသည်။ ယခု ဝူထန်မင်က မြို့တော်သို့ ယဲဖန် ဖိတ်ကြားထားခဲ့သည့် လူတိုင်းနှင့်အတူ လေယာဥ်တစ်စီးကို စင်းလုံးငှားကာ သွားရောက်ခဲ့ပေသည်။

"အကြီးအကဲကျိုးနှင့် သူဌေးထန်တို့ နှစ်ယောက်စလုံးတောင် သူတို့လေယာဥ်ပေါ် တက်သွားတယ်လို့ ကျွန်တော်ကြားခဲ့တယ်" ယဲစောက်ဟွေ့က ပြောလိုက်၏။

ကျိုးကျင်းကျီနှင့် သူဌေးထန်တို့ နှစ်ယောက်လုံး၏အဓိကလုပ်ငန်းများက စီမြို့တော်တွင် မရှိပေ။ သူတ်ု့တွေ၏လုပ်ငန်းများက ကြီးမားပေသည်။ ယဲမိသားစုက သူတို့နှင့် အဆက်အသွယ်ပြုလုပ်ရန် ရည်ရွယ်ခဲ့သော်လည်း သူတို့က ဝူမိသားစုနှင့်သာ ပိုမိုနီးစပ်ခဲ့ပုံ ရခဲ့လေသည်။

ဝူမိသားစု၏လုပ်ငန်းများက အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ မကြာခင်တွင် စီမြို့တော်ရှိ မိသားစုကြီးလေးခုက မိသားစုကြီး ၃ခုနှင့် ကြီးမားသော မိသားစုကြီး ၁ခုအဖြစ်သို့ ပြောင်းလဲလာပေတော့မည် ဖြစ်သည်။

ကျိုးကျင်းကျီနှင့် ထန်ယုံကျင်းတို့သည် ယဲဖန်အား အမှန်တကယ် မျက်နှာသာပေးခဲ့ပေသည်။ သူတို့က မြို့တော်သို့တောင် လူကိုယ်တိုင်သွားရောက်ခဲ့ကြသည်။ ဒါပေါ့ သူတို့တွေက ပိုင်မိသားစုကို မျက်နှာသာတစ်ချို့ပြသတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

.......

ယဲဖန်သည် ပိုင်ယွင်ရှီရုံးခန်းထဲတွင် ထိုင်နေရင်းသူ့နာရီအား အချိန်တိုင်း စိုက်ကြည့်နေခဲ့သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now