Unicode
ပိုင်ယွင်ရှီဖုန်းကို လက်ခံရရှိပြီးနောက် ယဲဖန်သည် ချက်ချင်းပင် ဟိုတယ်သို့ အပြေးအလွှားသွားခဲ့လေသည်။
"ကျွန်တော် နောက်မကျပါဘူးနော်" ယဲဖန်သည် သီးသန့်ခန်းထဲသို့ လျှောက်လာခဲ့သည်။
ပိုင်ယွင်ရှီက သူ့အား စိုက်ကြည့်လာပြီး "နောက်မကျပါဘူး။ ဟင်းပွဲတွေ ခုမှချပြီးတာ။ မင်းက အချိန်မီရောက်လာတာပါ"
ယဲဖန်က မျက်တောင်ခတ်ကာ "ကျွန်တော် တကယ်ကံကောင်းတာပေါ့"
"မင်း ဘယ်ရောက်နေတာလဲ" ပိုင်ယွင်ရှီက မေးလိုက်သည်။
"အိုး ကျွန်တော် စီးပွားရေးတစ်ချို့ သွားလုပ်နေတာပါ။ ဒါပေမဲ့ ကျွန်တော် ဟိုကို ရောက်တော့ တစ်ယောက်ယောက်က လုပ်ငန်းစနေပြီလေ။ သူက ကျွန်တော့်ကို သဘောမကျပေမဲ့လဲ လူအိုကြီးတစ်ယောက်ဆီကနေ စီးပွားရေးကို လူယူဖို့တော့ မသင့်တော်ဘူးလေ။ မင်းလဲ သိပါတယ်၊ အခုခေတ်မှာ ရှင်သန်နေထိုင်ရတာ မလွယ်ကူတော့ဘူး။ ဘယ်လိုတောင် သနားစရာကောင်းလိုက်လဲ။ အဲ့ဒီသူဌေးက ဘယ်လိုတောင် မိုက်မဲပြီး ချမ်းသာနေခဲ့ပေမဲ့ သူ့ကို အရူးလုပ်ဖို့ဆို အရမ်းလွယ်လွန်းတယ်" ယဲဖန်က ပြောသည်။
ပိုင်ယွင်ရှီ "....." မိုက်မဲပြီး ချမ်းသာတယ်၊ အရူးလုပ်ဖို့ လွယ်လွန်းတယ် ဟုတ်လား။
"ဘယ်လို စီးပွားရေးမျိုးလဲ" ရှောက်ချီက မေးလာခဲ့သည်။
"အဆောက်အဦးအသစ်ပါပဲ၊ သရဲအမြဲခြောက်တယ်လေ။ ပြီးတော့ သူ့ပတ်ဝန်းကျင်တွေကပါ သရဲခြောက်နေတာ" ယဲဖန်က ပြောသည်။
"ပြဿနာရှာတွေ့ပြီလား" ပိုင်ယွင်ရှီက မေးလာ၏။
"တွေ့လာတယ်၊ ဒါပေမဲ့ အဲ့သူဌေးက ကျွန်တော်ကို လူလိမ်ထင်နေတာ၊ အဲ့ဒါနဲ့ ကျွန်တော်လဲ သူ့ကို လျစ်လျူရှုခဲ့လိုက်တယ်။ ဒါပေါ့ သူသာ ကျွန်တော့်ကို သင့်တော်မယ့်စျေးနဲ့ ထပ်ငှားလာမယ်ဆိုရင်တော့ နောက်ကိစ္စတစ်ခု ဖြစ်သွားပြီလေ" ယဲဖန်က ပြောလာခဲ့သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...