Unicode
ယဲဖန်သည် အသံသွင်းဖောင်တိန်ကို လက်ခံရရှိခဲ့ပြီး သူ့ပါးပြင်အား ပွတ်သပ်နေမိသည်။ ထို့နောက် ရှုယွမ်ချင်အား မကျေမနပ်ဖြင့် ကြည့်လိုက်ပြီး "ဘာလို့ အဲ့ဒါကို တစ်ဝက်ပဲပြောရတာလဲ။ ကျန်တစ်ဝက်ကရော ဘယ်မှာတုန်း"
ရှုယွမ်ချင်က ကိုးရိုးကားရားဖြင့် "ငါတစ်ဝက်ပဲ ပြောရသေးတယ် လောင်ပိုင်က ငါ့ကို မြင်သွားပြီလေ။ အသုံးမဝင်တော့ဘူးလို့ ထင်တာကြောင့် ငါ ဆက်မပြောတော့တာ"
ယဲဖန် "အဲ့ဒါက အသုံးမဝင်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ သူ့ရှေ့မှာ ကျွန်တော့်အကြောင်း စကားကောင်းလေးတွေသာ ဆက်ပြောနေခဲ့ရင် အလုပ်ဖြစ်သွားမှာပေါ့"
ရှုယွမ်ချင် "... တစ်ယောက်ယောက်အတွက် စကားကောင်း ဘယ်လိုပြောရမလဲဆိုတာ ငါတကယ်ကို မသိတာ"
တစ်ခါတစ်လေတွင် ယဲဖန်သည် အတော်လေး ဥာဏ်မမှီကြောင်း မုလျန်ဖင်က တွေးမိသော်လည်း ဒေါသထွက်နေသော ယဲဖန်ကို ကြည့်လိုက်ရသောအခါ ယဲဖန်၏ထိုပုံရိပ်များက ချက်ချင်း ပြိုလဲသွားခဲ့သည်။။
"အကြီးအကဲတစ်ယောက်အနေနှင့် လူငယ်တွေကို လမ်းပြပေးပြီး ပံ့ပိုးပေးရမှာလေ။ ဒါပေါ့ တစ်ခြားလူတွေရှေ့မှာ သူတို့တွေကို စကားကောင်းကောင်းတွေလဲ ပြောပေးရမှာပေါ့။ ကျွန်တော့်ကို ဘယ်လိုချီးမွမ်းရမလဲတောင် မသိဘူး။ မင်းက မင်းဂျူနီယာတွေကို ပံ့ပိုးပေးဖို့ ဘယ်လို ထင်မြင်နေတာလဲ။ မင်းအတွက် ကျွန်တော် ချရေးပေးထားတယ် မဟုတ်ဘူးလား။ အဲ့ဒါလေးကိုပဲ မဖတ်နိုင်ဘူးလား" ယဲဖန်က အထွန့်တက်လိုက်၏။
ရှုယွမ်ချင် "....."
မုလျန်ဖင်သည် ယဲဖန်ကို ကြည့်ပြီး မပြောဘဲမနေနိုင်တော့ပေ "သခင်လေးယဲ ဒါ ငါ့အဖိုးက မကူညီတာ မဟုတ်ပါဘူး။ မင်းရေးထားတာတွေက အရမ်းကိုချဲ့ကားလွန်းနေတာ။ ထုတ်ပြောဖို့ တကယ့်ကို ခက်ခဲလွန်းနေတာလေ"
ယဲဖန် "ချဲ့ကားလွန်းနေတယ်ဟုတ်လား။ ဘယ်လိုလုပ်ပြီး ချဲ့ကားလွန်းရမှာလဲ။ ငါက အမှန်တရားကို ပြောပြနေတာလေ၊ ငါက ထူးချွန်ထက်မြက်တယ်လို့ မင်းကမထင်လို့လား"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...