Unicode
မုမိသားစုတွင်
"ခေါင်းဆောင် ရှစ်ယီခေါ်တာလား၊ သူ ဘာပြောလဲ" မုခယ့်က မေးလိုက်၏။
"ယဲဖန်က သူတို့တွေကို သက်တော်စောင့်အဖြစ် အလုပ်ပေးထားတယ်လို့ ပြောတယ်၊ တနှစ်ကို ၅ မီလီယံနဲ့ အားဖြည့်ဆေး ၃လုံးပေးမယ်တဲ့" မုဖုန်က ပြောလိုက်၏။
မုခယ့်က ပြုံးလိုက်ပြီး "ဒါ မဆိုးပါဘူး"
စိတ်ဝိညာဥ်မီးတောက်သစ်သီးတွေကို ဆေးလုံးတွေနှင့် အစားထိုးခဲ့ပေသည်။ ဆေးလုံးကို သောက်သုံးကြပြီးနောက် မိသားစုထဲရှိ တပည့်တွေအားလုံးက ထိုအကြောင်းကိုသာ တွေးနေကြတော့သည်။ ဒီအခွင့်အရေးကို ရရှိခဲ့သည့် မုရှစ်ယီနှင့် တစ်ခြားလူများအတွက် ကောင်းသော ကိစ္စတစ်ခုပင် ဖြစ်လေသည်။
မုဖုန်က ခေါင်းငြိမ့်လိုက်ပြီး "ငါလည်းအဲ့လို ထင်တယ်"
အရင်တုန်းက သူသည် အပြင်ဘက်ရှိ လူများက စိတ်မြန်လက်မြန်ရှိတတ်ပြီး ကျင့်ကြံဖို့အတွက် မသင့်တော်ဘူးလို့ အမြဲခံစားခဲ့ရပေသည်။ သူ ယဲဖန်ကို မြင်သည့်အခါမှ အပြင်ဘက်တွင်လည်း ဆရာသခင်များ ရှိတာကို ရှာတွေ့သွားခဲ့ပေသည်။ ယခုအခါတွင် ကျင့်ကြံရေးဂိုဏ်းများက အရင်းအမြစ်ရှားပါးမှုများနှင့် ရင်ဆိုင်နေခဲ့ရလေသည်။ ယန်မိသားစု သူတို့ကို တိုက်ခိုက်ခဲ့သည့် အကြောင်းအရင်းကလည်း သူတို့တွေဟာ စိတ်ဝိညာဥ်မီးတောက်သစ်သီးကို မျက်စိကျနေသောကြောင့်သာ ဖြစ်လေသည်။
ကျင့်ကြံရေးဂိုဏ်းများက ဆက်ပြီး သီးသန့်နေထိုင်အုံးမယ်ဆိုလျှင် နှစ်ပေါင်းရာစုနှစ်အတွင်း အရင်းအမြစ်ပြတ်တောက်မှုများဖြင့် ကြုံတွေ့ရမှာ ဖြစ်ပေသည်။
"ပြီးတော့ လျန်ဖင်" မုဖုန်မျက်နှာတွင် စိတ်ဓါတ်ကျမှုအရိပ်အယောင်များ ဖြတ်သန်းသွားခဲ့လေသည်။ သူတို့မုမိသားစု၏သိုင်းကျမ်းကို ကျင်ကြံဖို့ ကျရှုံးခဲ့ပြီးနောက် မုလျန်ဖင်သည် တစ်ခြားသိုင်းကျမ်းကို ကျင့်ကြံလိုက်သည့်အခါမှ ခုန်ပေါက်ကျော်လွှားပြီး တိုးတက်လာခဲ့ပေသည်။ ၎င်းက သူ့အား အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပေသည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...