Unicode
ထို့နောက် ယဲဖန်သည် သူ့ဗီလာသို့ စိတ်အားထက်သန်စွာဖြင့် ပြန်လာခဲ့သည်။ သူပြန်ရောက်လာသည်နှင့် သူဟာ မုလျန်ဖင်နှင့် ကျန်းရွမ်တို့နှစ်ယောက်စလုံးအား အမှန်တကယ်ထိတ်လန့်သွားစေနိုင်လောက်အောင် ကခုန်မှုမျိုးကို ပြုလုပ်ခဲ့ပေသည်။
"သခင်လေးယဲ မင်းကြည့်ရတာ အတော်လေး စိတ်ပျော်နေတဲ့ပုံပဲ"
ယဲဖန်သည် ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီးနောက် "ယွင်ရှီက ငါနဲ့ စေ့စပ်ဖို့ သဘောတူလိုက်ပြီလေ"
မုလျန်ဖင် "......" သခင်လေးပိုင်က တကယ့်ကို လူကောင်းတစ်ယောက်ပဲ။
"အရင်ဆုံး စေ့စပ်ပွဲလုပ်မယ်၊ နောက်ကျရင်တော့ မင်္ဂလာပွဲလုပ်ရမယ်။ ပြီးတော့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားရအုံးမယ်" ယဲဖန်သည် တက်ကြွစွာ ပြောလာခဲ့သည်။
ထို့နောက် သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက် ဝူစီဟန်ထံ ဖုန်းခေါ်လိုက်ပေသည်။
"ဟဲလို ဝမ်းကွဲအကိုရေ ကျွန်တော် စေ့စပ်ပွဲလုပ်တော့မလို့လေ"
"ဘယ်သူ့ကိုလဲ ဟုတ်လား။ ပိုင်မိသားစုရဲ့ တတိယသားကိုပေါ့။ ကျွန်တော့်လိုမျိုး သစ္စာရှိတဲ့လူက နှလုံးသားထဲက ဆက်ဆံရေးတစ်ခုကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ပြောင်းလဲနိုင်ရမှာလဲ။ ဘာလို့ ဒီလို မိုက်မဲတဲ့မေးခွန်းမျိုးတွေ မေးနေရတာတုန်း"
"ကျွန်တော်က သူ့ကို ဖိအားပေးနေတာတဲ့လား။ မဟုတ်ပါဘူးနော်။ မင်းရဲ့ ညီဝမ်းကွဲက အခု အရမ်းနာမည်ကြီးနေပြီ။ သူ့ကို ဖိအားပေးဖို့ လိုအပ်သေးလို့လား။ သူ့ဆန္ဒကို ဆန့်ကျင်ပြီး တစ်စုံတစ်ယောက်ကို ဖိအားပေးပြုလုပ်ခိုင်းတာက ညစ်ပတ်တဲ့ နည်းလမ်းတစ်ခုပဲ"
"ကျွန်တော် နောက်နေတာမဟုတ်ဘူး၊ကျွန်တော်က မကြာခင် အိမ်ထောင်ပြုတော့မှာ၊ တစ်ကိုယ်တော်ခွေးတစ်ကောင်မဟုတ်တော့ဘူး"
.......
မုလျန်ဖင် "....."
ကျန်းရွမ် "....."
ယဲဖန်သည် ပျော်ရွှင်စွာဖြင့် ဖုန်းချလိုက်သည်။ ကျန်းရွမ်သည် သူ့အား အပြုံးလေးဖြင့် ကြည့်လိုက်ရင်း "သခင်လေးယဲ မင်း သခင်လေးပိုင်နဲ့ စေ့စပ်တော့မှာပေါ့။ ဂုဏ်ယူပါတယ်"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...