အခန်း (၁၆၇)

573 123 2
                                    

Unicode

မနက်အစောပိုင်းတွင် ယဲဖန်ဟာ ချန်နုန်းကျားမှလူများကို တွေ့ဆုံခဲ့ပေသည်။

ကျန်းဟယ်သည် ယဲဖန်ကို ငယ်ရွယ်သူဖြစ်ကြောင်း သိရှိပြီးသား ဖြစ်သော်လည်း လူကိုယ်တိုင်တွေ့လိုက်ရသောအခါ အံ့သြနေမိဆဲပင် ဖြစ်သည်။

Michelle ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသော ယဲဖန်က အာလူးကြော်ဝါးရင်း သူတို့ကို အထက်အောက် ကြည့်နေခဲ့သည်။

"သခင်လေးယဲ သခင်လေးမုအတွက် သန့်စင်ပေးထားတဲ့ ဆေးလုံးကို ငါ တွေ့ခဲ့ပြီးပြီ၊ အထင်ကြီးလောက်စရာပါပဲ" ကျန်းဟယ်က ပြောလိုက်၏။

ယဲဖန်က ကျေကျေနပ်နပ်ပြုံးလိုက်ပြီး "မင်းက မြှောက်ပင့်နေတာပါပဲ၊ ကျွန်တော့်စွမ်းရည်တွေက သာမာန်ပဲ၊ ဖော်ပြဖို့ မထိုက်တန်ပါဘူး၊ ဖော်ပြဖို့ မထိုက်တန်ပါဘူး ....."

"သခင်လေးယဲ မင်းက နှိမ့်ချလွန်းနေပါပြီ၊ မင်းရဲ့ အဂ္ဂိရတ်ပညာက ပြိုင်ဘက်ကင်းဖြစ်နေပြီ၊ အနာဂတ်မှာ မင်းကို ဘယ်သူမှ မကျော်နိုင်တော့ပါဘူး" ကျန်းဟယ်က ပြောလိုက်၏။

"ကျွန်တော်တော့ မြှောက်နေပါပြီ၊ ဒီကမ္ဘာမှာက စိတ်ဝိဥာဏ်ဆေးပင်တွေ အရမ်းရှားသွားပြီ၊ အဂ္ဂိရတ်ပညာက ဘယ်လောက်ကျွမ်းကျင်နေပါစေ ကျွန်တော် လေ့ကျင့်ဖို့ သင့်တော်မယ့် စိတ်ဝိဥာဏ်ဆေးပင်တွေမှ မရှိတော့တာ၊ အနှစ် ၃၀၀၀ လောက်စောမွေးလာဖို့ ဆုတောင်းချင်ခဲ့ပေမယ့် အဲ့ဒါက အဆင်မပြေဘူး၊ ဘာလို့လဲဆိုရင် ကျွန်တော်သာ စောမွေးလာခဲ့ရင် ကျွန်တော့်မိန်းမနဲ့ တွေ့ဆုံရတော့မှာ မဟုတ်ဘူးလေ" ယဲဖန်က ခေါင်းခါလိုက်ပြီး နာကျင်စွာ ပြောလိုက်၏။

ကျန်းဟယ် "....."

ကျန်းမုန်သည် ယဲဖန်ကို ဗီလာတွင် စတွေ့ခဲ့တုန်းက ယဲဖန်ဟာ ကာတွန်းကားတစ်ချို့ကို ကြည့်နေခဲ့သည်။ ဒါကြောင့် ယဲဖန်အပေါ် သူမ၏အကဲဖြတ်မှုများက မြင့်မားခဲ့ခြင်း မရှိခဲ့ပေ။

နောက်ပိုင်းတွင် ကျန်းဟယ်ဆီမှ ယဲဖန်ဟာ ဆေးလုံးဆရာသခင်မှန်း ကြားခဲ့ရတုန်းကလည်း သူမကတော့ လူလိမ်တစ်ယောက်လို့သာ တွေးခဲ့ပေသည်။ ယခုတွင်လည်း ညအိပ်ဝတ်စုံဝတ်ထားသော ယဲဖန်သည် သရေစာမုန့်မျိုးစုံ စားနေတာကို တွေ့လိုက်ရသောအခါ သူ့အပေါ် သူမ၏ထင်မြင်ချက်များက ထပ်မံနိမ့်ကျသွားခဲ့ပေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now