Unicode
"ဘုရားကျောင်းတွေ ဖြိုချပြီးနောက်မှာ မြေပြင်က လှုပ်ရှာသွားတာလား" ပိုင်ယွင်ရှီက မေးလိုက်၏။
ချန်ယန်က ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်၊ ရွာသားတွေက ဘုရားကျောင်းကြောင့် ဖြစ်မယ်လို့ ထင်ခဲ့ကြတယ်၊ ဖြိုချတုန်းကသာ လွယ်တာလေ၊ ပြန်ပြုပြင်ဖို့ကတော့ ခက်ခဲလွန်းတယ်"
"ဘုရားကျောင်းတွေက ဖျက်စီးခံလိုက်ရတော့ ကန်ထဲက သရဲတွေကို လှုံဆော်ပေးသလို ဖြစ်သွားလောက်ပြီ။ အခု တစ်ယောက်ယောက် အသတ်ခံလိုက်ရတယ်မလား" ယဲဖန်က အေးစက်စွာ ပြောလိုက်၏။
ယဲဖန်ကို ကြည့်ရင်း ချန်ယန်းသည် ခက်ခက်ခဲခဲ ပြောလိုက်ရလေတော့သည် "မင်းပြောတာ မှန်တယ်၊ တစ်ယောက်ယောက်သေသွားပြီ"
ယဲဖန် နှုတ်ခမ်းများက တွန့်ကွေးသွားပြီး "ငါသိတယ်လေ"
"ကန်ထဲက သရဲတွေက လူပြန်ဝင်စားချင်ရင် သူတို့နေရာအစားထိုးဖို့ တစ်စုံတစ်ယောက်ကို ခေါ်ဆောင်သွားတတ်တယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခု ရွာထဲမှာ ရှိခဲ့တယ်၊ ဒါက ရေနစ်တဲ့ကလေးတွေဖြစ်ရပ်နဲ့ဆင်တူတယ်၊ လူစားတဲ့ကန်က မကြာခဏမြုခိုးတွေ ဖုံးလွှမ်းသွားတတ်ပြီး ထူးဆန်းတဲ့ ကိစ္စတွေဖြစ်ပွားတတ်ကြတယ်၊ ကန်နှင့် ဝေးဝေးနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းက ရွာသားနှစ်ယောက် ကန်ထဲ ဆွဲခေါ်ခံလိုက်ရတယ်" ချန်ယန်သည် ကြီးမားသော မြင်ကွင်းများကို မြင်တွေ့ခဲ့ဖူးပေမယ့် ထိုသဘာဝလွန်ကိစ္စရပ်များကို ကြားလိုက်ရသောအခါ အနည်းငယ် ကြောက်လန့်သွားခဲ့ပေသည်။
ပိုင်ယွင်ရှီသည် သံသယဖြင့် မေးလိုက်၏ "လူကြီးတွေလည်း ကန်ထဲ ဆွဲချခံလိုက်ရတာလား"
ချန်ယန်က ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်၊ လူကြီးတွေရောပဲ"
ထို့နောက် ယဲဖန်သည် သူ့စိတ်ထဲ တွေးနေမိလေသည် 'ယခင်တုန်းက ကန်ထဲက သရဲတွေမှာ လုပ်နိုင်စွမ်းမရှိခဲ့ပါဘူး၊ တစ်စတစ်စပြောင်းလဲသွားခဲ့တာလား၊ အခု ဘယ်လိုတွေ ဖြစ်ကုန်ကြပြီလဲဆိုတာ မသိတော့ပါဘူး"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Phiêu lưu"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...