Unicode
ပိုင်ယွင်ရှီက ယဲဖန်အား ကျောင်းတက်ရောက်ခွင့်ကတ်ပေးကာ "ဒါက ရန်ချွမ်းတက္ကသိုလ်ရဲ့ဝင်ခွင့်ကတ်ပဲ။ မင်းဖြတ်ကျော်နိုင်သွားရင် အဖိုးရဲ့ကျောင်းသားအဖြစ် အဖိုးဘေးမှာ နေပေးရမယ်။ နဂါးအဖွဲ့အစည်းကနေလဲ ငါ့အဖိုးဘေးမှာ လူလေးယောက် စီစဥ်ပေးထားလိမ့်မယ်။ သူတို့နဲ့ ပြဿနာမဖြစ်စေနဲ့"
ယဲဖန်က ခေါင်းငြိမ့်ကာ "သိပါပြီ။ ဒါတွေပြီးသွားတဲ့အခါ ငါတို့တွေ နမ်းကြရအောင်လေ"
ပိုင်ယွင်ရှီသည် ယဲဖန်၏နက်မှောင်ပြီး တောက်ပနေသောမျက်လုံးများအား ကြည့်ပြီးနောက် သူ့မျက်နှာကို တစ်ဖက်သို့လှည့်လိုက်ကာ "မင်းအလုပ်ပြီးမှပဲ ဆက်ပြောကြရအောင်"
ယဲဖန်က လည်ပင်းအား ပွတ်နေရင်း "မင်းနမ်းရတာ မကြိုက်ဘူးဆိုလဲ ငါတို့တွေအတူတူအိပ်ကြရအောင်လေ"
ယဲဖန်က အသက်ပြင်းပြင်းရှုလိုက်ကာ "အတူတူအိပ်ကြရအောင်ဆိုတဲ့ အဓိပ္ပါယ်ကိုကော မင်းသိရဲ့လား"
ယဲဖန်က ခေါင်းငြိမ့်ကာ "စောင်အောက်မှာ စကားပြောကြတာလေ"
ပိုင်ယွင်ရှီ "....."
"မိုးရွာနေတယ်။ ဒီနေ့ ငါ ဒီမှာ ညအိပ်လို့ရလား။ ငါပြန်သွားမယ်ဆို ငါ ရွဲရွဲစိုနေတဲ့ ကြက်တစ်ကောင်ဖြစ်သွားလိမ့်မယ်" ယဲဖန်က သနားစဖွယ်ကောင်းအောင် ပြောလာခဲ့သည်။
ပိုင်ယွင်ရှီက မကျေမနပ်ဖြင့် "ကောင်းပြီလေ၊ မင်း ဧည့်သည်ခန်းထဲမှာ အိပ်လို့ရတယ်"
ထို့နောက် ယဲဖန်သည် ဝမ်းနည်းစွာဖြင့် "မင်းဘာလို့ တိုက်ခန်းအကြီးကြီးဝယ်ရတာလဲ။ ဒီမှာ ဧည့်သည်ခန်းက သုံးခန်းတောင် ပါနေတာ။ ဒါတွေက မကောင်းဘူး။ မင်းမှာ အခန်းလွတ်တွေ အများကြီးရှိနေတဲ့အချိန် လူတော်တော်များများမှာတော့ အိမ်ဝယ်ဖို့တောင် မတတ်နိုင်ကြဘူး"
ပိုင်ယွင်ရှီက အေးစက်စက်ဖြင့် "ငါ့မှာ ပိုက်ဆံရှိတာမလို့ ငါကြိုက်သလို ဘာပဲဖြစ်ဖြစ် လုပ်လို့ရတယ်"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...