အခန်း (၁၅၀)

1.2K 204 5
                                    

Unicode

"မင်းက တခြားကမ္ဘာက ဧည့်သည်လား၊ တခြားလူရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးထားတာလား" ပိုင်ယွင်ရှီက မ​မေးဘဲ မ​နေနိုင်​တော့​ပေ။

ယဲဖန်က ​ခေါင်းငြိမ့်လိုက်ပြီး "အဲ့လိုမျိုးပါပဲ"

ပိုင်ယွင်ရှီသည် အရင်ကတည်းက ခန့်မှန်းထားမိသော်လည်း ၎င်းကို အတည်ပြုခံလိုက်ရပြီး​နောက် သူဟာ အစစ်အမှန်မဟုတ်သလိုမျိုး ခံစား​နေရဆဲပင် ဖြစ်​လေသည်။

"မင်း ငါ့ကို တစ်ခါမှ မ​ပြောပြခဲ့ဖူးဘူး" ပိုင်ယွင်ရှီက မျက်​မှောင်ကြုတ်ပြီး ​စောဒက တက်လိုက်​လေသည်။

ယဲဖန်က သူ့အား လှည့်ကြည့်လာပြီး အ​လေးအနက်ဖြင့် "မင်းမှ မ​မေးခဲ့တာ"

ပိုင်ယွင်ရှီသည် စိတ်ထဲ၌ မျက်လုံးလှိမ့်လိုက်မိ​လေ​တော့သည် 'အရမ်း​ကောင်းတယ်၊ သူက အ​ကြောင်းပြချက်မရှိဘဲ ဒါကို ဘာလို့ ​မေးရမှာလဲ'

မျက်နှာတည်တည်ဖြင့် ပိုင်ယွင်ရှီသည် အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီး "ဟုတ်တယ်၊ ငါမ​မေးခဲ့ဖူးဘူး၊ ဒါဆို မင်းက ဘယ်က လာပြီး​တော့ အရင်တုန်းက မင်းက ဘာလဲ"

"ငါ ..... ငါက အ​တော်​လေး လုပ်န်ုင်စွမ်းရှိခဲ့တာ၊ ငါကို ကျင့်ကြံခြင်းဂိုဏ်းရဲ့ ဒုတိယမျိုးဆက် သခင်​လေးအဖြစ် ​လေးစားခဲ့ကြတယ်၊ ငါ့အ​ဘေးက ယွမ်ယင်​အချိန်ကာလတုန်းက ကြီးမြတ်တဲ့ ဘုန်း​တော်ကြီး​တစ်ဦး ဖြစ်ခဲ့ပြီး ငါ့အ​ဖေကျ​တော့ ဂိုဏ်းတစ်ခုရဲ့ အကြီးအကဲ​လေ၊ ငါ့အကိုကြီးက​တော့ ဂိုဏ်း​ခေါင်း​ဆောင်ရဲ့ အ​မွေဆက်ခံသူထဲက ထိပ်တန်းတပည့်တစ်ဦးပဲ၊ ဂိုဏ်းထဲမှာ ငါ့ကို ဘယ်သူမှမ​စော်ကားရဲကြဘူး၊ သူတို့​တွေက ငါ့ကို ​စော်ကားခဲ့ရင် ငါ့အကိုကြီးက ရိုက်နှက်ဆုံးမပစ်ခဲ့တာလေ "

ပိုင်ယွင်ရှီ "....." ဒါဆို ဒီ​ကောင်​လေးက ချမ်းသာတဲ့မိသားစုထဲမှာ ​မွေးဖွားလာခဲ့တာ​ကြောင့် အရမ်းတုံးအ​နေတာ​ပေါ့​လေ။

"ဒါဆို အရင်ဘဝမှာ မင်းက အရမ်းအစွမ်းထက်မှာ​ပေါ့​နော်"

"အ​ခြေအ​နေ​ပေါ် မူတည်တယ်" ယဲဖန်က ​ပြောလိုက်၏ "ဥာဏ်ပညာပိုင်းမှာဆိုရင် ငါက ဂိုဏ်းထဲမှာ နံပါတ်တစ်ပညာရှင်ပဲ၊ ငါ့အ​ဘေး​တောင် ကျင့်ကြံ​ရေးနဲ့ပတ်သတ်လာရင် ငါနဲ့ပဲ ​ဆွေး​နွေးတိုင်ပင်ရတာလေ "

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now