Unicode
ယဲဖန်သည် ဆေးဖက်ဝင်အပင်အပုံကြီးကို စုစည်းပြီး စိတ်လှုပ်ရှားမှု အပြည့်ဖြင့် သူ့ဗီလာသို့ ပြန်လာခဲ့လေသည်။
"သခင်လေးယဲ ဝန်ထုပ်ဝန်ပိုးအပြည့်ကြီးနဲ့ အိမ်ကို ပြန်လာတာပေါ့" ကျန်းရွမ်က ပြုံးကာ ပြောလိုက်၏။
ယဲဖန်က ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်လေ"
ဒီကမ္ဘာပေါ်တွင် ဝိညာဥ်ချီစွမ်းအင်များက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း ပစ္စည်းကောင်းများကတော့ ကျန်ရှိနေဆဲပင်ဖြစ်သည်။ ရှုယွမ်ချင်အထောက်အထားက အမှန်တကယ် အသုံးဝင်ပေသည်။ ထိုလူချမ်းသာကြီးများက ရှုယွမ်ချင်ထံသို့ ရောက်သွားလိုက်သည်နှင့် သူတို့အားလုံးတို့သည် သူ့အား ထိုဆေးဖက်ဝင်အပင်များကို ပေးခဲ့ပေသည်။ ရှုယွမ်ချင်ကတော့ သူလိုချင်နေသည့်အရာများကို သူ့အား တစ်ဆင့်ပြန်ပေးခဲ့ပေသည်။
ပြဿနာကတော့ သူဟာ ရှုယွမ်ချင်နှင့်အတူရှိနေစဥ်တွင် အလုပ်သင်တစ်ဦးအဖြစ် ဟန်ဆောင်ခဲ့ရခြင်းပင် ဖြစ်သည်။
ကျန်းရွမ်သည် ယဲဖန့်လက်ထဲရှိ ဆေးဖက်ဝင်အပင်များအား ကြည့်ရင်း သူ့မျက်လုံးများထဲတွင် မနာလိုမှုများ ပေါ်ပေါက်လာခဲ့တော့သည်။
ယဲဖန်က သတိထားမိလိုက်တာကြောင့် သူသည် ချက်ချင်းပင် ဆေးဖက်ဝင်အပင်များအား ပွေ့ဖက်လိုက်ပြီး "ဒါတွေအားလုံးက ငါ့ဟာတွေ"
ကျန်းရွမ်က သူ့အား ကြည့်ပြီး ကိုးရိုးကားရားဖြင့် ပြုံးလိုက်ရင်း "သခင်လေးယဲ မစိုးရိမ်ပါနဲ။ ငါ မင်းဆီက မလုနိုင်ပါဘူး၊ ဒါ့အပြင် ငါ့မှာ အဲ့ဒီလို အရည်အချင်းလဲ မရှိဘူး ထင်တယ်"
ယဲဖန် "ဟုတ်တာပေါ့၊ မင်းပြောတာမှန်တယ်။ မင်း ငါ့ဆီကနေ လုယက်ရဲတယ်ဆိုရင် ငါ မင်းကို ရိုက်ပစ်မှာပေါ့"
ကျန်းရွမ် "....."
ယဲဖန်သည် ဆေးဖက်ဝင်အပင်များကို ရွေးထုတ်နေခဲ့ပြီး "ဒီဆေးဖက်ဝင်အပင်တွေနဲ့သာဆို ယွင်ရှီအခြေအနေက ပိုမိုသေချာသွားပြီ"
"သခင်လေးပိုင်က ဘာဖြစ်နေလို့လဲ" ကျန်းရွမ်သည် သိလိုစိတ်ဖြင့် မေးလိုက်၏။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...