Unicode
ဆေးဆိုင်ခုနစ်ဆိုင်ကို သွားပြီးနောက် ယဲဖန်သည် သူလိုအပ်သော ဆေးဖက်ဝင်အပင် ဆယ်မျိုးကျော်ကို ယွမ်နှစ်သိန်းဖြင့် ဝယ်ယူခဲ့လေသည်။ ဤအရာကြောင့် သူ့နှလုံးသားမှ သွေးများယိုစီးလာသလိုခံစားလိုက်ရ၏။ ဒါပေမယ့် ရေချိုးကန်ထဲတွင် သူ့ကိုယ်သူ စိမ်လိုက်တဲ့အခါ သူ့မျက်နှာ၌ အပြုံးတစ်ခု ပျံ့နှံ့သွားလေသည်။ သူ့အတွက် များစွာ ကုန်ကျခဲ့ရသော်လည်း သူ၏ ကြီးမားလာသော ချီစွမ်းအင်ကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရသည့်အခါ အနည်းငယ် ပီတိဖြစ်မိသည်။
သူ့အရင်ဘဝက သူသည် အလုံးစုံသိ အဖြစ် ခံယူခဲ့သည်။ ဂိုဏ်းအတွင်းရှိ လူတိုင်းက ကျင့်ကြံရေးနှင့်ပတ်သက်ပြီး ပြဿနာကြုံလာလျှင် သူ့ဆီကို လာရောက်ဆွေးနွေးကြသည်။ သို့သော် ယဲဖန်းက လူတော်တော်များများသည် သူနောက်ကွယ်တွင် သူ့အကြောင်းပြောနေကြသည်ကိုလဲ သိပေသည်။ သေမျိုး နှင့်မသေမျိုးတို့သည် အခြေခံသဘောထားကွဲပြားမှုများ ရှိကြလေ၏။ သူက ဘယ်လောက်ပဲ ထက်မြက်နေပါစေ အနှစ်တစ်ရာသာ ရှင်သန်နိုင်သော သေမျိုးတစ်ဦးသာဖြစ်ပေသည်။ မွေးကင်းစအရွယ် ကျင့်ကြံသူကလေးတောင် နှစ်ပေါင်းနှစ်ထောင်အထိ ရှင်သန်နိုင်သည်။
ယဲဖန်သည် ဂရုမစိုက်သလို ပြုမူနေသော်လည်း တခြားတပည့်များသည် သူတို့၏ဓါးပေါ်တွင် ပျံသန်းနိုင်သည်ကို မြင်လျှင် သူ အမှန်တကယ်မနာလိုမဖြစ်ဘူးဆိုတာ မည်သို့ဖြစ်နိုင်မည်နည်း။ ဆေးဖက်ဝင်အပင်များ၏ လက်ကျန်အာနိသင်များကို စုပ်ယူပြီးနောက် ယဲဖန်သည် ရေချိုးကန်ထဲမှ ထွက်လာခဲ့၏။
သူသည် ပိုက်ဆံရှာရန်ကြိုးစားသင့်လားဟု တွေးနေစဥ် ခြေလက်များကို ဆန့်ထုတ်လိုက်သည်။ သူသည် ဆေးဆိုင်တွင် အသုံးဝင်သော ဆေးဖက်ဝင်ပစ္စည်းအများအပြားကို တွေ့ရှိခဲ့သည်။ သို့သော်လည်း နှစ်ပေါင်းခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့် သက်တမ်းရှိသော ဂျင်ဆင်းကတော့ ယွမ်သန်းပေါင်းများစွာ ကုန်ကျမည် ဖြစ်သည်။ ယဲဖန်က အမှန်ပင် မတတ်နိုင်ပေ။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Macera"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...