အခန်း (၁၅၈)

1.1K 189 6
                                    

Unicode

ဘာဂါဆိုင်တွင် ထိုင်​နေ​သော ယဲဖန်သည် ဘာဂါတစ်လုံးကို စားရင်း ​ရေရွတ်​နေခဲ့​လေသည် "ဒီM နိုင်ငံထဲမှာ ဘာဂါနဲ့ အာလူး​​ချောင်းကြော်​ပဲ ရှိတယ်၊ ငါ ဒါ​တွေပဲစားရတာ အီ​နေပြီကွာ"

ယဲဖန် ပုခုံး​ပေါ်ရှိ ​ထောင်ထျဲက "ဒါက ၁၀ခု​မြောက် ဘာဂါ နဲ့ အာလူး​ကြော်ဆယ်ခြင်း​မြောက် ပဲ၊ မင်းစကား​တွေ ယုံကြည်နိုင်စရာ တစ်ကွက်မှ မရှိဘူးကွ"

​ထောင်ထျဲက ဝိညာဥ်အဆင့်​တွင်သာ ရှိ​သေး​ပေသည်။ သာမာန်လူ​တွေက သူ့ကို မမြင်နိုင်​ပေမဲ့ ယဲဖန်နှင့် ပိုင်ယွင်ရှီက​တော့ မြင်နိုင်​ပေသည်။

ပိုင်ယွင်ရှီက ယဲဖန်ကို ကြည့်ပြီး "ဖြည်းဖြည်းစား၊ မနင်​စေနဲ့အုံး"

ယဲဖန်က ​ခေါင်းငြိမ့်လိုက်ပြီး "ငါသိပါတယ်"

ပိုင်ယွင်ရှီသည် သတင်းစာတစ်​စောင်ကို ယူကာ ဖတ်​နေခဲ့​ပေသည်။ သူသည် ထို​ပေါ်ရှိ သတင်းတစ်ပုဒ်ကို မြင်​လိုက်ရသောအခါ သူ့မျက်နှာက ​ပြောင်းလဲသွားခဲ့​ပေသည်။

"ဘာမှား​နေလို့လဲ ယွင်ရှီ" ယဲဖန်က ​မေးလိုက်​၏။

ပိုင်ယွင်ရှီက ​ခေါင်းခါလိုက်ပြီး "ဘာမှ​တော့ မဟုတ်ပါဘူး၊ မ​နေ့က ဂျက်ဖ် ​သေနတ်ပစ်ခတ်ခံရပြီး ​သေသွားပြီတဲ့"

ယဲဖန်သည် အံ့သြသင့်စွာ မျက်​တောင်ခတ်လိုက်ပြီး "သူ ​သေပြီလား" ဘာပဲဖြစ်ဖြစ် သူ့ဆီ ပိုက်ဆံ​ရောက်လာခဲ့ပြီးရင် ဒါက သူ့ကိစ္စမဟုတ်​တော့ဘူး​ပဲလေ။

"ကလိုဝီက ငါတို့ဆီ ဇိမ်ခံအ​ပျော်စီးသင်္ဘောတစ်စီး ပို့လိုက်တယ်၊ ငါတို့​တွေ စား​သောက်ပြီးရင် တချက်သွားကြည့်ကြရ​​အောင်​လေ" ပိုင်ယွင်ရှီက ​ပြောလိုက်၏။

ယဲဖန်က သံသယဖြင့် ​ပြောလိုက်၏ "သူက ငါတို့ဆီ ပို့လိုက်တာလား၊ သူပို့လိုက်တဲ့ဟာကို ငါတို့​တွေ သုံးလို့​ကော ရပါ့မလား" ပြီးခဲ့တဲ့တစ်​ခေါက်က သူ့ဇိမ်ခံသင်္ဘောက မြှုပ်သွားခဲ့တာ​လေ၊ သူသာ ထို​နေရာမှာ မရှိဘူးဆိုလျှင် သူတို့​တွေဟာ နက်ရှိုင်းလှသည့် ပင်လယ်သမုဒ္ဒရာ​အောက်သို့ နစ်မြှုပ်သွား​ပေလိမ့်မည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now