Unicode
ချိုက်စွိုက်က ယဲဖန်ကိုကြည့်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် ဆိုလာခဲ့သည် "ငါ့ညီငယ်လေးကို အရူးလုပ်ဖို့ မင်း ဘယ်လိုလှည့်ကွက်မျိုး သုံးခဲ့တာလဲ"
"သူက အရမ်းစိတ်ဓါတ်ပျော့ညံ့တာ။ သူ့အပေါ်လှည့်ကွက်တစ်ချို့အသုံးပြုဖို့ လိုအပ်သေးလို့လား"
ချိုက်စွိုက်က အသက်ပြင်းပြင်းရှုလိုက်ပြီး "ဒီက ထွက်သွားစမ်း၊ အခုချက်ချင်း"
ယဲဖန်က ခေါင်းခါလိုက်ပြီး ရိုးရိုးသားသားဖြင့် "ငါထွက်မသွားနိုင်ဘူး။ ငွေလက်ခံထားပြီးသွားပြီ။ အခုထွက်သွားမယ်ဆို ပရောဖက်ရှင်နယ်ကျင့်ဝတ်မရှိသလို ဖြစ်သွားမှာပေါ့။ ဒါက ကျွန်တော့်သိက္ခာကို ထိခိုက်စေနိုင်တယ်။ ဒါ့အပြင် မင်းညီငယ်လေးက ငါ့ကို စရန်ငွေပဲ ပေးထားတာ"
ချိုက်စွိုက် "....."
ယဲဖန်က သူ့ကို ကြည့်ရင်း "ငါ့ကို အဲ့ဒီလိုမျိူး လာမကြည့်နဲ့။ မင်းညီငယ်လေးပေးထားတဲ့ငွေက မင်းကို ၁၅ရက်စာပဲ စောင့်ကြည့်ဖို့ လုံလောက်တာ။ ဒါကြောင့် သည်းခံလိုက်"
"ကျေးဇူးအရမ်းတင်တာပဲနော်။ ငါက တရက်လေးတောင် မရပ်တည်နိုင်ဘူးလေ" ချိုက်စွိုက်က ဆိုလိုက်၏။
ယဲဖန် "လူငယ်လေး မင်းက တကယ့်ပဲ စိတ်ရှည်မှု မရှိဘူးပဲ။ ဒါက မကောင်းဘူးနော်"
ချိုက်စွိုက် "....."
ထို့နောက် ချိုက်ကျန်ကျွင်းသည် ကြက်စွပ်ပြုတ်တစ်အိုးကို ယူဆောင်လာပြီး "သူဌေးယဲ မီးဖိုချောင်ထဲမှာ ကြက်စွပ်ပြုတ်တစ်ချို့ ရှိနေတယ်။ စမ်းကြည့်ပါအုံး။ ဒါ တကယ်ကောင်းတာနော်"
ယဲဖန်က ခေါင်းငြိမ့်ကာ "အိုကေ ဒါဆို ငါ စမ်းကြည့်လိုက်မယ်"
ချိုက်စွိုက်သည် စိတ်တိုလျက် "မင်းအရူးကောင်။ ဒါက ငါတို့အမေရဲ့ အာဟာရစွပ်ပြုတ်ကွ"
ချိုက်ကျန်ကျွင်းက မျက်မှောင်ကြုတ်လိုက်ပြီး "ဒါဆိုလဲ နောက်တစ်အိုး ပြုတ်လိုက်လေ"
ချိုက်စွိုက် "....."
ထို့နောက် ချိုက်ကျန်ကျွင်းသည် ယဲဖန်ဘက် လှည့်လာပြီး မျက်နှာလိုမျက်နှာရဖြင့် "သူဌေးယဲ အရသာဘယ်လိုနေတုန်း"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...