Unicode
ပိုင်ယွင်ရှီသည် ပိုင်မိသားစုဆီသို့ ပြန်ရောက်လာသောအခါ သူဟာ ဧည့်ခန်းထဲတွင် ချန်နုန်းမျိုးနွယ်စုမှ လူတော်တော်များများကို တွေ့လိုက်ရတာကြောင့် သူတို့တွေများ တစ်ခုခုကို သိသွားလို့ သူ့ဆီ ရောက်လာတာလားဆိုပြီး မှန်းဆရင်း အနည်းငယ် အပြစ်ရှိသလိုမျိုး ခံစားလိုက်ရလေသည်။
"ယွင်ရှီ ပြန်လာပြီပေါ့" ပိုင်ယွင်ကျင်းက ပြောလိုက်သည်။
ပိုင်ယွင်ရှီသည် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် မေးလိုက်လေသည် "အကိုကြီး ဒီနေ့ ဧည့်သည်တွေအများကြီး ရောက်နေပါလား"
"သူတို့တွေက တောက်ဆရာရှုရဲ့ မိတ်ဆွေတွေလေ၊ သူတို့တွေက တောက်ဆရာရှုဆီမှာ အကူအညီတောင်းဖို့ ရောက်နေကြတာ" ပိုင်ယွင်ကျင်းက ပြောလိုက်လေသည်။
စိတ်သက်သာရာ ရသွားပြီး ပိုင်ယွင်ရှီက တွေးလိုက်လေသည် 'ဒါဆို သူတို့တွေက ဒီကို ငါ့အတွက်နဲ့ ရောက်လာတာ မဟုတ်ဘူးပေါ့'
"ယွင်ရှီ သူတို့တွေက အရေးကြီးတဲ့ ဧည့်သည်တွေ၊ သူတို့အားလုံးဟာ ကျွမ်းကျင်တဲ့ ဆေးဆရာတွေလို့ တောက်ဆရာရှုဆီက ငါကြားခဲ့တယ်" ပိုင်ယွင်ကျင်းက ပြောလိုက်လေသည်။
ပိုင်ယွင်ရှီက အတင်းပြုံးလိုက်ပြီး တွေးလိုက်မိလေသည် 'ယဲဖန်က ဒီဧည့်သည်တွေဆီကနေ မိုးကြိုးဝါးကို လုယူထားမှန်းသာ သိသွားရင် ရူးသွားလောက်မလားပဲ'
"တတိယသခင်လေးပိုင် မင်းရောက်လာပြီပေါ့" ရှုယွမ်ချင်သည် ပိုင်ယွင်ရှီကို မြင်တော့ ဝမ်းသာသွားခဲ့ပေသည်။
ချန်နုန်းမျိုးနွယ်စုမှ ထိုလူများက ပိုင်ယွင်ရှီကို လှည့်ကြည့်လာကြပေသည်။ သူက သာမာန်လူဆိုတာကို မြင်သွားတော့ သူတို့တွေဟာ သူတို့အကြည့်များကို ပြန်လည်ရုပ်သိမ်းသွားခဲ့ကြသည်။
သူတို့တွေ၏ လျစ်လျူရှုသော တုံ့ပြန်မှုများကို သတိပြုမိလိုက်တော့ ရှုယွမ်ချင်သည် ပိုင်ယွင်ရှီကို မြင်သောအခါ အနည်းငယ် ရှက်ရွံ့သွားခဲ့ပေသည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...