Unicode
ပိုင်မိသားစုတွင်
"သူက အရစ်ကျငွေပေးချေခြင်းကို အကြံပြုလိုက်တာလား" ပိုင်ယွင်ရှီက မေးလိုက်သည်။
ပိုင်ယွင်ကျင်းက ခေါင်းငြိမ့်ပြလိုက်ပြီး "ဟုတ်တယ်"
"အဖေက ဘာပြောလဲ"
ပိုင်ယွင်ကျင်းက ကိုးရိုးကားရားပြုံးလိုက်ရင်း "အရင်ဆုံး အဘိုးရဲ့သဘောထားလိုတယ်လို့ ပြောလိုက်တယ်" သူ့အဖေက ယဲဖန်နှင့် ပထမဆုံးအကြိမ် အဆက်အသွယ်လုပ်ခဲ့ရတာကြောင့် သူဟာ အနည်းငယ်တော့ ကြောက်နေမိသည်။
"သူက စရန်ငွေအဖြစ် ဘယ်လောက်ပေးမယ်လို့ ပြောလဲ"
ပိုင်ယွင်ကျင်း "ငါ အဲ့ဒါကို မမေးလိုက်ရဘူး"
ပိုင်ယွင်ရှီက မျက်မှောင်ကြုတ်လိုက်ပြီး ပိုင်ယွင်ကျင်းအား မကျေမနပ်ဖြင့် ကြည့်လိုက်သည် "ဒီလောက်အရေးကြီးတဲ့ မေးခွန်းမျိုးကို ဘာလို့ မမေးခဲ့ရတာလဲ"
ထို့နောက် ပိုင်ယွင်ကျင်းက မှုန်ကုပ်ကုပ်ဖြင့် "ငါ့အပြစ်တွေပါကွာ" ဟု ပြောလိုက်သည်။
ထို့နောက် တစ်ယောက်ယောက်က ဖုန်းဆက်လာခဲ့သည် "ကျွန်တော် အပြင် ခဏလောက် သွားလိုက်အုံးမယ်"
"ယဲဖန်လား" ပိုင်ယွင်ကျင်းက မေးလိုက်သည်။
ပိုင်ယွင်ရှီက ခေါင်းငြိမ့်ပြလိုက်ပြီး အွန်း တစ်လုံးတည်းသာ တုံ့ပြန်လိုက်၏။
ပိုင်ယွင်ကျင်းသည် ရင်ဘတ်ထဲ၌ မွန်းကြပ်နေသလို ခံစားလိုက်ရသကဲ့သို့ သူ့အမူအရာများဟာ အနည်းငယ် တွန့်သွားခဲ့သည်။
ထိုအချိန်တွင် ပိုင်ယွင်ဖေးက ဝင်လာပြီး မေးလိုက်သည် "ယွင်ရှီ သွားပြီလား"
ပိုင်ယွင်ကျင်းက ခေါင်းငြိမ့်ပြလိုက်ပြီး "သွားပြီ"
"အဲ့ဒီယဲဖန်က ယွင်ရှီကို ဘာတွေကျွေးထားတာတုန်း။ သူက လုံးဝကို ပြောင်းလဲသွားပြီ" ပိုင်ယွင်ဖေးသည် လက်ပိုက်ရင်း မကျေမနပ်ဖြင့် ပြောလိုက်သည်။
ပိုင်ယွင်ကျင်း "....."
.......
ပိုင်ယွင်ရှီသည် ယဲဖန့်ဗီလာထဲသို့ မောင်းဝင်လာခဲ့တော့ ယဲဖန်က သူ့အား အလျင်အမြန် ဖိတ်ခေါ်လိုက်သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Avventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...