Unicode
ဗီလာထဲတွင်
"ဦးလေးဖန် အထဲ ဘယ်လိုဝင်လာတာလဲ" ဝူဟောက်ချန်က မေးလိုက်၏။
ယဲဖန် "ငါ တကယ့်ကို နာမည်ကြီးနေပြီ။ ငါ့ကို တွေ့ချင်လို့ဆိုပြီး ဂိတ်ပေါက်မှာ ပရိတ်သတ်တွေအများကြီးပဲ။ ဒါကြောင့် ငါ နံရံကျော်တက်လာတာလေ"
"ဦးလေးဖန် အဲ့ဒီလူလိမ်လဲ ရောက်နေတယ်။ သူမ ဘယ်လိုတောင် သတ္တိရှိရတာလဲ" ဝူဟောက်ချန်က ကြိမ်းဝါးနေလေ၏။
ချိုက်ကျန်ကျွင်းသည် လင်းရှောင်အတွက် တိတ်တဆိတ်ဝမ်းနည်းပေးလိုက်သည်။ ဒါက အမြင်မရှိခြင်းရဲ့ အကျိုးရလဒ်ပဲလေ။
"သူတို့ကို လျစ်လျူရှုထားလိုက်။ ၁.၁ မီလီယံလေးတောင် သူတို့က ကတ်ကို ဆိုင်းငံ့ထားခဲ့တာ။ သနားစရာကောင်းလိုက်တာ၊ သူတို့မှာ ပိုက်ဆံမရှိဘူးဆိုတာ သိသာနေတာပဲလေ"
ချိုက်ကျန်ကျွင်း "....." သာမာန်လူတွေအတွက် အဲ့လောက်အများကြီး ရဖို့ တယဘဝတစ်ခုလုံး ကြိုးစားရုန်းကန်နေရတာကွ။
ထိုအချိန်တွင် ယဲဖန့်ဖုန်းမြည်လာခဲ့သည်။ နာမည်ကို ကြည့်လိုက်ပြီး သူသည် ဝူဟောက်ချန်ကို တစ်ချက်ကြည့်လိုက်ရင်း "ဒါ မင်းအဖေပဲ။ သူခေါ်တာ မင်းအကြောင်း မေးချင်လို့ ထင်တယ်"
ဝူဟောက်ချန် "စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"
"အတိအကျပဲ" ယဲဖန်က သဘောတူစွာ ခေါင်းငြိမ့်လိုက်ပြီး "ဒါပေမဲ့ ဒီဖုန်းကိုတော့ ပြနွဖြေရအုံးမယ်"
ချိုက်ကျန်ကျွင်း "....."
"ဟေး ဝမ်းကွဲအစ်ကို ဘာကိစ္စရှိလို့တုန်း"
"ဟုတ်တယ်။ မနေ့က ရှောင်ချန် ပြုတ်ကျလာတာလေ။ စိတ်မပူပါနဲ့။ ကျွန်တော်ရှိနေရင် သူ ဘေးကင်းမှာပါ"
"ဘာမှမဖြစ်ပါဘူး။ သူ ဝိတ်နည်းနည်းများနေရုံလေးပါ။ သူ့ကို ဝိတ်ချခိုင်းသင့်နေပြီ"
"ကောင်းပါပြီ။ ကျွန်တော် သူ့ကို ဘားတွေမခေါ်သွားပါဘူး။ ကျွန်တော်က အကျင့်စာရိတ္တကောင်းပြီး ဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ယောက်ပါနော်။ ကျွန်တော်နဲ့သာဆိုရင် သူ့ကို ဥပဒေနဲ့ ဆန့်ကျင်တဲ့ အရာမှန်သမျှ ဘာမှလုပ်ခွင့်မပြုပါဘူး။ စိတ်မပူပါနဲ့။ ဘာလဲ။ ကျွန်တော့်ကို မယုံဘူးလား"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...