Unicode
ကျန်းသစ်သားစက်ရုံတွင်
"ဘာတွေကြည့်နေတာလဲ။ ဘာလို့ အရမ်းကြည်နူးနေရတာတုန်း" ကျန်းစီလျန်က မေးလိုက်သည်။
နင်စွမ်းက ပြုံးရင်း "ဆရာသခင်ယဲရဲ့ အင်တာဗျူးကို ကြည့်နေတာ"
"မင်း ကြည့်ပြီးသွားပြီး မဟုတ်ဘူးလား"
"ဒါက စိတ်ဝင်စားစရာကောင်းတယ်။ ဒါကြောင့် အကြိမ်နည်းနည်းလောက် ပိုကြည့်နေတာလေ"
"အဲ့ဒီမိန်းကလေးမှာ ဘာမဆိုမေးဖို့ သတ္တိရှိသားပဲ။ ပြီးတော့ ဆရာသခင်ယဲကလဲ ပြန်ဖြေရဲတယ်" ကျန်းစီလျန်က ခေါင်းယမ်းလိုက်သည်။ ပိုင်မိသားစုရဲ့ ဒုတိသခင်မလေးက ကြမ်းတမ်းတယ်ဆိုတာ လျှို့ဝှက်ချက်မဟုတ်ပေမဲ့ ယဲဖန်လိုတော့ ဘယ်သူကမှ ထုတ်မပြောရဲပေ။
"တစ္ဆေနယ်နိမိတ်ကို ဘယ်လိုထင်လဲ"
"ဆရာသခင်ယဲက အဲ့ဒီမိန်းကလေးတွေကို ပညာပေးချင်လို့ ကားပါကင်မှာ အစီအရင်တစ်ခု တည်ဆောင်ထားတာလို့ သခင်လေးချိုက်က တစ်ခြားလူတွေကို တိတ်တဆိတ်ပြောနေတာ ငါကြားခဲ့တယ်"
နင်စွမ်းက ခေါင်းငြိမ့်လိုက်ပြီး "ငါ သိပြီ"
"ဆရာသခင်ယဲက သူတို့ကို သုံးနာရီလောက် ပိတ်ထားတာကပဲ သနားညှာတာမှုပြပြီးနေပြီ" အဲ့ဒီမိန်းကလေးတွေက ယဲဖန်ကို ကြက်ဥပုပ်နဲ့ အရင်ပေါက်တာလေ။ စိတ်တိုတဲ့တောက်ဆရာတစ်ဦးသာဆို သူတို့တွေ အဲ့ဒီမှာ တရက်လုံးတောင် ပိတ်မိနေလိမ့်မည် ဖြစ်သည်။
"အရင်တစ်ခေါက်က သူဌေးဟွမ်ပြောထားတဲ့ ကိစ္စရော အခု ဘာထူးသေးလဲ" ကျန်းစီလျန်သည် ပြုစားကပ်ပါး(ကူ)ကောင်ကြောင့် အများကြီး ခံစားခဲ့ရပြီးလေပြီ၊ ဒါကြောင့် သူဌေးဟွမ်လဲ အထိန်းချုပ်ခံထားရတယ်ကြားလိုက်ရသောအခါ သူမသည် သူဌေးဟွမ်အတွက် သနားမိသွား၏။ ဒါပေမဲ့ နောက်ပိုင်းတွင် ဟွမ်ရှစ်ဖုန်းကို စုံစမ်းကြည့်လိုက်တော့ သူပြောထားတာတွေနှင့် လုံးဝမတူကြောင်း တွေ့ရှိသွားခဲ့သည်။
"သူ့အခြေအနေက ငါတို့နဲ့ မတူဘူး။ အရင်က သူကို ကူညီပေးဖို့ ခဏခဏ လာတောင်းဆိုတယ်။ ဒါပေမဲ့ တစ်ဖက်လူက ၁၀၀ မီလီယံတောင်းတယ်လို့ ကြားတော့ သူ့သတင်းကို မကြားရတော့ဘူး" ကျန်းစီလျန်က ပြောလိုက်သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...