အခန်း (၁၅၄)

1K 180 2
                                    

Unicode

ယဲဖန်ချဥ်းကပ်လာတာကို မြင်​တော့ ရွတ်​စွေသည် သူမခွန်အားကအ​​တော်​လေး ​လျော့ကျသွားပြီး "နင်ဘာလုပ်မလို့လဲ၊ ​ဝေး​ဝေးသွားစမ်း" ဟု ​ပြောလိုက်​လေသည်။

ယဲဖန်သည် ရွတ်​စွေကို ကြည့်ရင်း မျက်​တောင်ခတ်လိုက်​လေသည် "ငါ့ဝမ်းကွဲအကိုကို နာကျင်​စေခဲ့တာ မင်းလား"

ရွတ်​စွေက သူမနှုတ်ခမ်းကို ကိုက်​နေပြီး ပြန်​တော့မ​ဖြေလာခဲ့​ပေ။ သူမ ဒီ​လောက်ကံဆိုးလိမ့်မယ်လို့ တစ်ခါမှ မ​တွေးခဲ့မိဖူး​ပေ။ သူမဟာ ​လေလံပွဲ၌ ​သေမျိုးတစ်​ယောက်ကိုသာ ရိုက်နှက်ခဲ့​သော်လည်း ဒီလို စွမ်းအားကြီးတဲ့ လူမျိုးကို အမှန်တကယ်​စော်ကားခဲ့မိလိမ့်မည်လို့ မထင်ထားခဲ့​ပေ။ ယခုတွင်​တော့ သူမတို့ဆရာကိုပါ ​သေခြင်းတရားဆီသို့ တွန်းပို့မိသွားခဲ့​ပေသည်။

ထို့​နောက် ယဲဖန်သည် ရွတ်​စွေကို ကန်လိုက်​တော့ သူမဟာ ​လေထဲ လွင့်သွားခဲ့​လေသည်။

"ဒါက ငါ့အကိုဝမ်းကွဲအတွက်၊ မင်းက သူ့ကို ဘယ်လို​တောင် ရိုက်ရဲရတာလဲ"ယဲဖန်က ကြိမ်းဝါး​နေခဲ့​လေသည်။

ရွတ်ယွမ်သည် ရွတ်​စွေခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဥ်စွမ်းအားများအလျင်အမြန်ဆုံးရှုံးသွား​ကြောင်း ခံစားလိုက်ရပြီး သူမလက္ခဏာများက သူတို့ဆရာနှင့် ဆင်တူ​နေခဲ့​ပေသည် 'ဒါဆို သူမလည်း မကြာခင်မှာ ​သေမျိုးတစ်ဦးဖြစ်​လာတော့မှာ​လား'

ဒါ​ကြောင့် သူမက ​ယဲဖန်အား ​ပေါ့​ပေါ့ပါးပါး​ပြောလိုက်​လေသည် "သခင်​လေးယဲ ဆရာပစ္စည်းတွေဝှက်ထားတတ်တဲ့ ​ကောင်းကင်ဘုံဂိုဏ်းက တည်​နေရာကို ကျွန်မသိတယ်၊ ကျွန်မကို လွှတ်​ပေးရင် ရှင့်ကို လမ်းပြ​ပေးနိုင်တယ်"

ယဲဖန်က ​ခေါင်းငြိမ့်လိုက်ပြီး "​ကောင်းပြီ​လေ"

ရွတ်​စွေသည် ရွတ်ယွမ်၏​ကျေးဇူးသိတတ်မှုကို ကြည့်ရင်း "စီနီယာအစ်မ ဆရာက အစ်မအ​ပေါ် အရမ်း​ကောင်းတာကို ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ"

သူမခန္ဓာကိုယ်မှ စိတ်ဝိညာဥ်စွမ်းအားများ ဆုံးရှုံးသွားတာကို ခံစားလိုက်ရ​တော့ ရွတ်​စွေသည် ​သေချင်​နေမိ​လေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now