အခန်း (၁၂၀)

1.8K 267 4
                                    

Unicode

ပိုင်ယွင်ရှီ၏အခန်းထဲတွင် မီးအစီအရင်တစ်ခု ရှိပြီး နံရံကိုလည်း မီးအဆောင်များဖြင့် ဖုံးအုပ်ထားခဲ့သည်။
ပိုင်ယွင်ရှီသည် သူ့မျက်နှာ၌ နာကျင်မှုများဖြင့် မီးအစီအရင်အလယ်တွင် လဲလျောင်းနေခဲ့လေသည်။
အခန်းက နွေးထွေးနေသော်လည်း ပိုင်ယွင်ရှီကတော့ သေလုမတက် အေးခဲနေသလို ခံစားနေရသည်။
ယဲဖန်က အထဲသို့ ဝင်လာပြီး သူ့အား ဖက်ပေးထားခဲ့သည်။
ယဲဖန့်ကိုယ်က အပူချိန်က ခံစားလိုက်ရမှ ပိုင်ယွင်ရှီ၏နှလုံးသားဟာ နောက်ဆုံး၌ ငြိမ်သက်သွားခဲ့တော့သည်။
"အေးတယ်" ပိုင်ယွင်ရှီသည် ယဲဖန်ကိုယ်နှင့် မနီးကပ်ဘဲ မနေနိုင်ခဲ့ပေ။
ယဲဖန်က သူ့အား တင်းကျပ်နေအောင် ဖက်ပေးထားလိုက်ပြီး "ယွင်ရှီ အဲ့ဒါကို လုပ်ကြရအောင်လေနော်၊ ဒါဆို မင်း မကြာခင်မှာ နွေးထွေးလာလိမ့်မယ်" ဟု စိတ်အားထက်သန်စွာ ပြောလာခဲ့သည်။
ပိုင်ယွင်ရှီမျက်လုံးများက ပွင့်လာပြီး အတင်းပြုံးပြလိုက်ကာ "မင်းက လုပ်နိုင်လို့လား"
ယဲဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး "ဒါပေါ့၊ ငါ့ကို အရူးတစ်ယောက်လို ထင်မနေနဲ့။ ငါက လူပျိုလေး ဖြစ်နေသေးပေမယ့် ဗီဒီယိုအများကြီး ကြည့်ထားပြီး ကိုယ်ဟန်အနေအထားပုံစံအများကြီးကို သိထားပါတယ်ကွာ"
ပိုင်ယွင်ရှီက ရယ်ချင်နေသော်လည်း အရမ်းအေးလွန်းနေတာကြောင့် ပြုံးတောင်မပြုံးပြနိုင်ခဲ့ပေ။
"မင်းက အဲ့ဒီအရာတွေကို အဲ့ဒီနေရာကနေ သင်ယူခဲ့တာလား"
"ဟုတ်တယ်လေ" ယဲဖန်သည် သူ့အပေါ် ခုန်အုပ်လိုက်ပြီး အနွေးစီးကြောင်းလေးတစ်ခုက သူ့ခန္ဓာကိုယ်ထဲကနေ ပိုင်ယွင်ရှီထံသို့ စီးဆင်းသွားခဲ့ပေသည်။
ပိုင်ယွင်ရှီ၏အေးခဲနေသော စွမ်းအင်များက ယဲဖန့်ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားကာ ယဲဖန်၏ဝိညာဥ်စွမ်းအားများက ထိုစွမ်းအင်များကို ပျော်ဝင်သွားစေရန် လှုံဆော်ပေးလိုက်တော့ နှစ်ဖက်စလုံးဘက်သို့ ဝိညာဥ်ချီစွမ်းအားများက လှည့်ပတ်သွားလာနေခဲ့တော့သည်။
ဝိညာဥ်ချီစွမ်းအင်များ၏ ဖြည့်တင်းပေးမှုကြောင့် ယဲဖန်၏ကျင့်ကြံဆင့်က အလျင်အမြန် မြင့်တက်လာခဲ့ပေသည်။
ပိုင်ယွင်ချီ၏ခန္ဓာကိုယ်သည် ယဲဖန်ကို ချမ်းတုန်စေနိုင်သည့် အေးစက်သောချီများဖြင့် ပြည့်နှက်နေတော့သည်။
သူ့ခန္ဓာကိုယ်ထဲသို့ အေးစက်နေသောချီဓါတ်များက ပိုမိုဝင်ရောက်လာနေသည်ကို ခံစားလိုက်ရတော့ ယဲဖန်သည် စိတ်ဝိညာဥ်မီးတောက်သစ်သီးမှ သူ မစုပ်ယူနိုင်ခဲ့သည့် အပိုင်းများအား ပြန်လည်သန့်စင်ထားသည့် မီးတောက်ဆေးလုံးများကို ထုတ်ယူလိုက်ရုံမှတပါး တစ်ခြားရွေးချယ်စရာ မရှိတော့ပေ။
ယဲဖန်၏ဖျော့တော့နေသည့် မျက်နှာကို ကြည့်လိုက်တော့ ပိုင်ယွင်ရှီသည် ထူးဆန်းသွားသလို ခံစားသွားရကာ "အဲ့ဒါက အေးတယ်မလား"
"ဒီလိုပါပဲ" ယဲဖန်သည် ပိုင်ယွင်ရှီမျက်နှာအား နှစ်ကြိမ်လောက် နမ်းလိုက်လေသည်။
"အဲ့ဒါက ဘယ်လိုအရသာရှိလဲ။ မင်းထင်နေသလိုမျိုး မကောင်းဘူးမလား" ပိုင်ယွင်ရှီက မေးလိုက်သည်။
"မဟုတ်ပါဘူး၊ ကောင်းပါတယ်၊ အဲ့ဒါက ဂျယ်လီလိုမျိုး နူးညံတယ်" ယဲဖန်က ထပ်မံနမ်းလိုက်ပြီးနောက် "အခုကျတော့ ပူတင်းနဲ့ တူတယ်"
ပိုင်ယွင်ရှီ "....."
"ယွင်ရှီ ငါ မင်းကို သဘောကျတယ်။ အရမ်းအရမ်းကို သဘောကျတယ်" ယဲဖန်သည် သူ့အား တင်းကျပ်နေအောင် ဖက်ထားလိုက်တော့သည်။
"မင်း ငါ့ကို ဘာလို့သဘောကျသွားတာလဲ" ပိုင်ယွင်ရှီက မေးလိုက်၏။
"ငါ မသိဘူး။ ငါ မင်းကို တွေ့လိုက်ကတည်းက အရမ်းကို သဘောကျသွားတာလေ" ယဲဖန်က ပြောလိုက်၏။
ပိုင်ယွင်ရှီက ပြုံးသွားပြီး နွေးထွေးသလို ခံစားလိုက်ရတော့သည်။
.......
ယဲဖန့်ဗီလာက ရုတ်တရက်ကြီး ပျောက်ကွယ်သွားပုံရလေသည်။ ပြီးခဲ့သည့် သုံးရက်အတွင်း ယဲဖန်ကို ရှာဖွေဖို့ ကြိုးစားတဲ့လူတိုင်းက အကြောင်းပြချက်မရှိဘဲ ပျောက်ဆုံးသွားခဲ့ကြပေသည်။
"မတွေ့သေးဘူး" မုလျန်ဖင်က ပြောလိုက်သည်။
ရှုယွမ်ချင်မျက်လုံးများက ကျဥ်းမြောင်းသွားပြီး "ဒီမှာ ထင်ယောင်ထင်မှား အစီအရင်တစ်ခု ရှိရမယ်။ ဗီလာနဲ့ ပိုမိုနီးကပ်လာတာနဲ့ ငါတို့ ဝင်နိုင်လိမ့်မယ်။ ဒါကို ယဲဖန် ရေးဆွဲထားတာ ဖြစ်လိမ့်မယ်၊ တကယ့်ကို အံ့သြစရာကြီးပဲ"
"ယဲဖန် ဒီအစီအရင်ကို ရေးဆွဲထားခဲ့တာက တခြားလူတွေ သူ့ကို လာမနှောင့်ယှက်စေချင်လို့ ဖြစ်မယ်။ ဒီလိုသာဆိုရင် အဖိုး ကျွန်တော်တို့ သွားသင့်ပြီနော်" မုလျန်ဖင်က ပြောလိုက်သည်။
ရှုယွမ်ချင်က ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်၊ မင်းပြောတာ မှန်တယ်"
နောက်သုံးရက်အကြာတွင်တော့ ယဲဖန့်ဗီလာက ပြန်လည်ပေါ်ပေါက်လာခဲ့တော့သည်။
"သခင်လေးယဲ နောက်ဆုံးတော့ ကျွန်တော် မင်းဗီလာကို ရှာတွေ့သွားပြီ"
ယဲဖန်က သူ့အား ကြည့်ပြီး မေးလိုက်သည် "မင်းက ငါ့ဗီလာကို ဘာလို့ရှာနေရတာလဲ"
"မိုးကြိုးပစ်ချလို့ မင်းဗီလာကြီး ပျက်စီးသွားမှာကို စိုးရိမ်လို့လေ "
ယဲဖန် "ငါရေးဆွဲထားတဲ့အစီအရင်က ငါ့ကိုယ်ပိုင်ဗီလာကြီးကို ဘယ်လိုလုပ်ဖျက်စီးနိုင်မှာတုန်း။ ငါက မင်းလိုမျိုး နှစ်တစ်ထောင်ဖုတ်ကောင်ကို လိုက်ပိုးပန်းဖို့ ကြိုးစားနေတဲ့ ငတုံးလို့များ တကယ်ထင်နေတာလား။ သူမမှာ ယောက်ျား ၁၈ယောက် ရှိပြီးသားနော်။ ဘာလဲ။ မင်းက သူမရဲ့ ၁၉ ယောက်မြောက်လူ ဖြစ်ချင်လို့လား။ တကယ်မထင်ရဘူးပဲ"
"သခင်လေးယဲ ဒီအကြောင်းကို ထပ်မပြောပါနဲ့တော့။ မင်းက ငါ့ကို တကယ့်ကို ကသိကအောက်ဖြစ်စေတယ်ကွ။ ရှင်းရှင်းလင်းလင်းပြောရရင် အဲ့ဒါက လှပတဲ့အမျိုးသမီးတစ်ဦးလေ။ သူမက မျက်တောင်တစ်ခတ်စာအတွင်းမှာကို ဘယ်လိုလုပ်ပြီး ဖုတ်ကောင်ပြောင်းသွားရတာလဲ" ချိုက်ကျန်ကျွင်းသည် သူ့ခန္ဓာကိုယ်အား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး တုန်လှုပ်နေခဲ့သည်။
ယဲဖန် "အဲ့ဒါက ဖုတ်ကောင်ဖြစ်နေပြီးသားကွ။ သူမက သူမကိုယ်သူမ လှပတဲ့အမျိုးသမီး ဖြစ်အောင် လှည့်ကွက်တစ်ချို့သုံးထားတာ"
ချိုက်ကျန်ကျွင်း "အို..."
"သခင်လေးယဲ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက မိုးကြိုးကို ဆင့်ခေါ်ခဲ့တာလား" ချိုက်ကျန်ကျွင်းက မေးလိုက်သည်။
ယဲဖန် "ဟုတ်တယ်"
"သခင်လေးယဲ အထင်ကြီးလောက်စရာကောင်းလိုက်တာ" ချိုက်ကျန်ကျွင်းက လေးစားမှုများဖြင့် ပြောလိုက်သည်။
ယဲဖန်က လက်အား ဝှေ့ယမ်းလိုက်ပြီး "ဒီလိုပါပဲ၊ ဒီလိုပါပဲ"
.......
ချိုက်ကျန်ကျွင်း ထွက်သွားပြီး မကြာခင်မှာပဲ လူတစ်ယောက် ရောက်လာခဲ့ပြန်သည်။ သူသည် အရမ်းနာမည်ကြီးလွန်းနေသဖြင့် လူတိုင်းက သူ့အား တွေ့ချင်နေကြတာကြောင့် သက်ပြင်းသာ ချလိုက်မိပေတော့သည်။
"သခင်လေးယဲ" မုလျန်ဖင်က တလေးတစားဖြင့် နှုတ်ဆက်လိုက်သည်။
ယဲဖန်သည် သူ့အား အထက်အောက်ကြည့်လိုက်ပြီး "မဆိုးဘူး၊ မဆိုးဘူး၊ မင်းက အလျင်အမြန်နဲ့ကို တိုးတက်လာတာပဲ" ထို့နောက် သူ့ကိုယ်သူတွေးနေခဲ့၏ 'ဒီကောင်လေးမှာ ပါရမီပါသားပဲ။ အရင်တုန်းကတော့ သူက ကျင့်ကြံရေးနည်းလမ်းကြောင့် ကန့်သတ်ခံနေရတယ်ပဲ'
မုလျန်ဖင်က ပြုံးလိုက်ပြီး "ဒါတွေအားလုံးက သခင်လေးယဲကို ကျေးဇူးတင်ရမှာ"
ယခုချိန်တွင် မုလျန်ဖင်နှလုံးသားက တိုက်ခိုက်ချင်စိတ်များဖြင့် ပြည့်နှက်နေပေသည်။ ယဲဖန်ပေးခဲ့သည့် ကျင့်ကြံရေးနည်းလမ်းအတိုင်း ဆက်လက်ကျင့်ကြံနေခဲ့ပါက သူသည် ယန်မိသားစုမှ မိုက်မဲတဲ့ ထိုအမျိုးသမီးအား နှစ်နှစ်အတွင်း အမီလိုက်နိုင်လိမ့်မည်ဟု ခံစားမိပေသည်။ အချိန်တိုအတွင်းမှာတင် သူဟာ ကလဲ့စားချေနိုင်ရပေလိမ့်မည်။
ယဲဖန်က သူ့လက်အား ဝှေ့ယမ်းလိုက်ပြီး "အဲ့ဒါကို ပြောမနေစမ်းပါနဲ့"
ယဲဖန်ကို တစ်ခဏမျှစိုက်ကြည့်လိုက်ပြီးနောက် "သခင်လေးယဲ မင်း ဒီနေ့ ပိုပြီးအစွမ်းထက်လာတယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့်"
ယဲဖန်သည် သူ့အား နက်နဲသောခံစားချက်များ ပေးနေပြီးသားပင် ဖြစ်သည်။ ယခု ယဲဖန်ကိုမြင်လိုက်ရတော့ ယဲဖန်ဟာ အလှမ်းမမှီနိုင်တော့သလိုမျိုး ခံစားသွားရတော့၏။
ယဲဖန် "မင်းမှာ စူးရှတဲ့မျက်လုံးတစ်စုံပိုင်ဆိုင်ထားတာပဲ"
မုလျန်ဖင် "ကျွန်တော်က အမှန်အတိုင်းပြောရုံလေးတင်ပါ"
ယဲဖန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး "ဒီလို ပြောဖို့ လိုအပ်လို့လားကွာ"
ပိုင်ယွင်ရှီ၏ဖွဲ့စည်းပုံသည် ကျင့်ကြံသူများအတွက် အကျိုးရှိပေသည်။ သူနှင့် နှစ်ကိုယ်တူကျင့်ကြံခြင်းအား တစ်ကြိမ်သာ ပြုလုပ်ခဲ့သော်လည်း ယဲဖန့်ကျင့်ကြံခြင်းက ချက်ချင်းကို အဆင့် ၆သို့ ရောက်ရှိသွားခဲ့ပေသည်။ ဤကဲ့သို့ အလျင်အမြန်တိုးတက်လာခြင်းက ပထမဆုံးအကြိမ်သာ ဖြစ်လေသည်။
"သခင်လေးယဲ မင်းတို့ဂိုဏ်းကရော ရှေးဟောင်းကိုယ်ခံပညာရပ်(သိုင်းပညာရပ်)တွေ့ဆုံဖလှယ်ပွဲတွေမှာ ပါဝင်ကြလား"
"အဲ့ဒါက ဘာကြီးတုန်း" ယဲဖန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။
"ရှေးဟောင်းသိုင်းပညာရပ်တွေ့ဆုံဖလှယ်ပွဲဆိုတာက ရှေးဟောင်းသိုင်းပညာရပ်ကျင့်ကြံသူတွေ တွေ့ဆုံကြတဲ့ပွဲပါ။ သခင်လေးယဲ သိတဲ့အတိုင်းပဲလေ အခုခေတ်က သိုင်းပညာတွေ ကျင်ကြံဖို့က အရမ်းခက်ခဲသွားပြီ။ အရင်းအမြစ်တွေကလဲ နည်းပါးသွားပြီ။ လူတော်တော်များများမှာက ပစ္စည်းကောင်းတွေရှိကြပေမဲ့ သူတို့တွေအတွက်က မလိုအပ်ကြဘူး။ ဒါကြောင့် သူတို့တွေက သူတို့အတွက် အသုံးဝင်မယ့် ပစ္စည်းတွေနဲ့ လဲလှယ်ခဲ့ကြတာလေ" မုလျန်ဖင်က ပြောလိုက်သည်။
ယဲဖန်က မျက်တောင်ခတ်လိုက်ပြီး "ငါသိပြီ၊ ဒါဆိုရင် ရှေ့ဟောင်းသိုင်းပညာရပ်ကျင့်ကြံသူတွေလဲ အများကြီး ရှိမှာပေါ့နော်"
မုလျန်ဖင်က ခေါင်းငြိမ့်လိုက်ပြီး "သေချာတာပေါ့"
ယဲဖန်ခေါင်းငြိမ့်လိုက်၏။ ဤကမ္ဘာပေါ်ရှိ သိုင်းပညာရပ်ကျင့်ကြံသူများအကြောင်း အလွန် သိချင်နေသော်လည်း သူတို့အား တခါလေးတောင်မှ မတွေ့ခဲ့ရပေ။
"သခင်လေးယဲ မင်းတို့ပီယွမ်ဂိုဏ်းကရော မပူးပေါင်းဘူးလား" မုလျန်ဖင်က မေးလိုက်သည်။
ယဲဖန်က မျက်တောင်ခတ်လိုက်ပြီး သူ့စိတ်ထဲတွင်သာ ပြောလိုက်သည် 'ပီယွမ်ဂိုဏ်းက ဒီကမ္ဘာပေါ်မှာမှ မရှိတာ၊ သူတို့တွေ ဘယ်လိုလုပ်ပြီး ပူးပေါင်းနိုင်မှာတုန်းကွ' "ဟင့်အင်း"
"အိုး" အစက မုလျန်ဖင်သည် ပီယွ၄်ဂိုဏ်းက တခြားကျင့်ကြံသူများအား တွေ့ချင်နေခဲ့ပေသည်။ ယဲဖန် ပြောလာသည်ကို ကြားတော့ သူက အနည်းငယ် စိတ်မကောင်းဖြစ်မိသွားခဲ့ပေသည်။
ယဲဖန်က သူ့အား ကြည့်လိုက်ပြီး "ဘယ်နေရာမှာ ကျင်းပမှာလဲ။ ငါ့ကို အဲ့ဒီနေရာ ခေါ်သွားပေးလို့ရနိုင်မလား"
မုလျန်ဖင်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက် "ရှေးဟောင်းသိုင်းပညာရပ်တွေ့ဆုံဖလှယ်ပွဲမှာ တင်းကျပ်တဲ့ စည်းမျဥ်းတွေရှိတယ်။ ဖိတ်ကြားခံထားရတဲ့လူတွေသာ ပါဝင်ခွင့်ရကြတာ။ မုမိသားစုမှာက ခွဲတမ်း ၄ နေရာစာပဲ ရှိတယ်၊ ကျွန်တော်က ခေါင်းဆောင်နောက်က လိုက်ရမှာ၊ အဖိုးလဲ ခွဲတမ်း ၂နေရာစာ ရတယ်၊ မင်းစိတ်ဝင်စားတယ်ဆိုရင် အဖိုးနဲ့ အတူသွားလို့ရတယ်လေ"
"မင်းအဖိုးကိုလဲ ဖိတ်ထားတယ်လား။ သူက ရှေးဟောင်းသိုင်းပညာရပ်ကို ကျင့်ကြံပုံလဲ မပေါ်ပါဘူး" ယဲဖန်က အံ့အားသင့်စွာ ပြောလိုက်သည်။
မုလျန်ဖင်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် "ဟုတ်တယ်၊ ဒါပေမဲ့ သူက အဂ္ဂိရတ်ဆရာကြီးတစ်ဦးပါ။ ရှေးဟောင်းသိုင်းပညာရပ်ကျင့်ကြံသူတွေက သာမာန်လူတွေထက် သာလွန်တဲ့စွမ်းရည်တွေ ရှိကြပေမဲ့ သူတို့ခန္ဓာကိုယ်ကလည်း လမ်းမှားရောက်သွားနိုင်ကြတယ်။ သိုင်းပညာကျင့်ကြံသူအများစုမှာ နောက်ဆက်တွဲရောဂါတွေ ရတတ်ကြတယ်။ အဖိုးက သူတို့ထဲက လူတချို့ကို ကယ်တင်ပေးခဲ့ဖူးတယ်လေ"
ယဲဖန် မျက်လုံးများက ပြူးကျယ်သွားပြီး "မင်းအဖိုးက အံ့သြစရာကောင်းလိုက်တာ"
မုလျန်ဖင်က ခေါင်းငြိမ့်ပြလိုက်ပြီး "ဒါပေါ့"
ယဲဖန် "အရင်က ငါ မင်းအဖိုးကို လျှော့တွက်ခဲ့မိတဲ့ပုံပဲ။ တွေ့ဆုံပွဲက ဘယ်တော့လဲ"
"နောက်လဝက်နေရင်"
ယဲဖန် "ကြာသေးတာပဲ"
မုလျန်ဖင်က ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်၊ ဒီအတောအတွင်း မှော်လက်နက်တွေ၊ အဆောင်တစ်ချို့ကို သန့်စင်ထားပြီး တွေ့ဆုံပွဲမှာ လဲလှယ်ဖို့ ယူလာခဲ့လို့ရတယ်လေ။ ဒီတွေ့ဆုံဖလှယ်ပွဲက နှစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ပြီး အရည်အသွေးကောင်းတဲ့ ဆေးလုံးတွေလဲ မကြာခဏ ထွက်ပေါ်လာတတ်ကြတယ်"
ယဲဖန်က ခေါင်းငြိမ့်လိုက်ပြီး "အရမ်းကောင်းတယ်"
.......
ယဲဖန့်ဖုန်း မြည်လာခဲ့ရာ "ဟဲလို ယောက်ဖ ကျွန်တော်ဘာလုပ်ပေးရမလဲ"
"ကောင်းပါပြီ၊ ကျွန်တော် တချက်လောက်သွားကြည့်လိုက်ပါမယ်"
မုလျန်ဖင်က ယဲဖန်အား ကြည့်ရင်း မေးလိုက်သည် "သခင်လေးယဲ ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူးကွာ။ ကျွန်တော့်ယောက်ဖက တွေ့ချင်နေလို့တဲ့လေ"
မုလျန်ထင်က ခေါင်းငြိမ့်လိုက်ပြီး "အိုး သခင်လေးယဲ မင်းဆက်လုပ်တော့လေ။ ဒါဆို မင်းကို မနှောင့်ယှက်တော့ပါဘူး"
"ကောင်းပါပြီ"
.......
ယဲဖန်သည် ထွက်လာပြီး ပိုင်ယွင်ကျင်းကားပေါ်သို့ တက်လိုက်ကာ "ယောက်ဖ မင်းပြောထားတဲ့ကျောက်တုံး(ဥက္ကာခဲ)က တစ်ခုခုမှားနေလို့လား"
"အဲ့ဒီကျောက်တုံးက ရှေးဟောင်းသင်္ချိုင်းတစ်ခုကနေ လာတာ။ သင်္ချိုင်းတူးတဲ့နေရာမှာ ပါဝင်ခဲ့တဲ့ လူတော်တော်များများကို စုံစမ်းကြည့်ခဲ့တာ သူတို့ထဲက ၂ယောက်က အဆုတ်ရောဂါကြောင့်သေသွားပြီး တစ်ခြားလူတွေလဲ အခြေအနေမကောင်းကြဘူး"
ယဲဖန်က သူ့အား ကြည့်ရင်း သံသယဖြင့် မေးလိုက်သည် "အဆုတ်ရောဂါလား"
ပိုင်ယွင်ကျင်း "ဟုတ်တယ်။ သတင်းတစ်ချို့ ရဖို့အတွက်နဲ့ ဆေးရုံကိုတောင် သွားခဲ့ရသေးတယ်။ သူတို့ထဲက ၂ယောက်က အစပိုင်းမှာ အအေးမိပြီး ဖျားနာကြတယ်။ ဆေးသောက်ပြီးတာတောင် မသက်သာလာကြဘူး။ ပြီးတော့ ဆေးရုံမှာပဲ အကြောင်းပြချက်မရှိဘဲ သေဆုံးသွားခဲ့ကြတယ်။ သူတို့မိသားစုတွေက ဆေးရုံနဲ့တောင် ထိုကိစ္စအတွက်နဲ့ အကြီးအကျယ်ရန်ဖြစ်ခဲ့ကြတယ်တဲ့"
"တစ်ယောက်ယောက်ကတော့ သူတို့ ၂ဦးက ရှေးဟောင်းသင်္ချိုင်းကနေ အမည်မသိရောဂါပိုးမွှား ကူးစက်ခံခဲ့လိုက်ရတာလို့ ပြောတယ်။ အမည်မသိရောဂါပိုးမွှားကူးဆက်ခံရသူရဲ့ လက္ခဏာရပ်တွေက အဆုတ်ရောဂါအတိုင်းပဲ၊ ပြီးတော့ ပုံမှန်နည်းလမ်းတွေက အသုံးမဝင်ခဲ့တာကြောင့် သူတို့တွေက သေဆုံးသွားခဲ့ကြတာယ်"
"ရှေးဟောင်းသင်္ချိုင်းကနေ ညစ်ပတ်တဲ့အရာတွေနဲ့ တွေ့ကြုံခဲ့ရတာလို့လည်း တစ်ခြားတစ်ယောက်က ပြောသေးတယ် (eng translator note :: ဒီမှာ ညစ်ပတ်တဲ့နည်းလမ်းဆိုတာက သရဲတစ္ဆေတွေလိုမျိုးတစ်စုံတစ်ခုကို ဆိုလိုတာတာပါ ) "
"ဒါ့အပြင် ပြတိုက်ဝန်ထမ်း ၂ဦးကလဲ အအေးမိပြီးတော့ အလုပ်က နှုတ်ထွက်ခဲ့လိုက်တယ်။ ဒါပေမဲ့ သူတို့အခြေအနေကကျတော့ အတော်လေး ပေါ့ပါးလွန်းတယ်။ အလုပ်က နှုတ်ထွက်လာခဲ့ပြီးနောက် သူတို့တွေက ပြန်သက်သာလာခဲ့ကြတယ်"
ယဲဖန်သည် သူ့မေးစေ့အား ပွတ်သပ်နေရင်း "ဒီကျောက်တုံးက တမူထူးခြားနေတဲ့ပုံပဲ"
ယဲဖန်သည် ပြတိုက်ထဲသို့ ပိုင်ယွင်ကျင်းနောက်မှ လိုက်လာခဲ့သည်။ ပိုင်ယွင်ကျင်း ဖော်ပြခဲ့သည့် ကျောက်တုံးအား မှန်ဘောင်ဖြင့် ထည့်သွင်းထားခဲ့သည်။ ပြီးတော့ ဘေးနားတွင် အာကာသထဲက အမည်မသိဥက္ကာခဲ ဆိုပြီး ရေးသားထားသည့် စာကို ကပ်ထားခဲ့သည်။
ပိုင်ယွင်ကျင်းသည် ယဲဖန့် မျက်လုံးများကို ကြည့်ရင်း "ယဲဖန် ဒါကို ဘာလိုထင်တုန်း" ဟု မေးလိုက်၏။
ယဲဖန်သည် လက်နောက်ပစ်လျက် ဥက္ကာခဲအား ကြည့်ရင်း အပြုံးလေးဖြင့် ပြောလိုက်လေသည် "ဘာကို ဥက္ကာခဲတုန်း။ ဒါက ရေခဲအဆီအနှစ်ကြီး။ ပစ္စည်းကောင်းလေးပဲ"
ရေခဲအဆီအနှစ်၏ ပုံသဏ္ဍာန်က ကျောက်တုံးတစ်တုံးနှင့် တူလေသည်။ ဒါပေမဲ့ ထိုအရာက ရေခဲအဆီအနှစ်ဆေးလုံးအဖြစ် သန့်စင်နိုင်သည့် ဆေးတစ်မျိုးဖြစ်ကာ ရေဝိညာဥ်သွေးကြောနဲ့ ရေခဲဝိညာဥ်သွေးကြောပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများအတွက် အတော်လေး ကောင်းကျိုးရရှိနိုင်ပေသည်။ဒီအရာများအား အဆင့်အမျိုးမျိုးဖြင့် ပိုင်းခြားထားခဲ့ကြသည်။ မှန်ဘောင်အောက်ရှိ ၎င်းအရာကို အဆင့်နိမ့်အဖြစ် သတ်မှတ်နိုင်ပေသည်။ ဒါက အဆင့်နိမ့်တစ်ခု ဖြစ်သော်လည်း ရှားပါးပေသည်။ သူတို့၏ကျင့်ကြံရေးကမ္ဘာပေါ်တွင် စိတ်ဝိညာဥ်အခြေတည်စကျင့်ကြံသူတွေတောင် ထိပ်တန်းရေခဲအဆီအနှစ်များအား လိုချင်တပ်မက်တတ်ကြပေသည်။
"ယောက်ဖ ပြတိုက်ထဲက ပစ္စည်းတွေက ရောင်းဖို့အတွက်လား"
ပိုင်ယွင်ကျင်းက ခေါင်းယမ်းလိုက်ပြီး "ဒါက အစိုးရပိုင်ပြတိုက်၊ ဒါကို နိုင်ငံတော်က ပိုင်တာ။ ဒါကြောင့် မရဘူးလို့ ထင်တာပဲ"
ယဲဖန်သည် ဝမ်းနည်းစွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး "ကျွန်တော် သိပါပြီ"
ယဲဖန်မျက်လုံးများအား ကြည့်နေရင်း ပိုင်ယွင်ကျင်က မေးလိုက်သည် "မင်းဘာတွေ စဥ်းစားနေပြန်ပြီလဲ"
ယဲဖန်က ခေါင်းယမ်းလိုက်ပြီး "ဘာမှ မစဥ်းစားပါဘူး"
ပိုင်ယွင်ကျင်း "...."

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now