Unicode
မကြာမီ လေလံပွဲကို စတင်ခဲ့သည်။ ပထမဆုံးပစ္စည်းကတော့ ထန်ဘိုဟူ၏ပန်းချီကားအစစ်ဖြစ်ပြီး အောက်ခြေစျေးမှာ ၁၀၀ မီလီယံ ဖြစ်ကာ မကြာမီ သူ့စျေးနှုန်းမှာ ၅၀၀ မီလီယံသို့ ခုန်တက်သွားခဲ့သည်။
မျက်မှောင်ကြုတ်ကာ ယဲဖန်သည် ပိုင်ယွင်ရှီဘက်သို့ မှီလာခဲ့ရင်း စိတ်ရှုပ်ထွေးစွာဖြင့် "ပန်းချီကားတစ်ချပ်ပဲကို ဘာလို့ အရမ်းတန်ဖိုးရှိနေရတာလဲ"
"ပန်းချီနဲ့ လက်ရေးလှကြိုက်နှစ်သက်သူတွေက ကြိုက်ကြလို့ပေါ့" ယခုခေတ်တွင် လူချမ်းသာများက ပိုပိုများလာခဲ့သည်။ ပြီးတော် တော်တော်များများက အရမ်းချမ်းသာလာပြီးနောက် အနုပညာများတွင် ပါဝင်လာခဲ့ကြသဖြင့် ဂန္ဓဝင်စာအုပ်များနှင့် ပန်းချီကားတန်ဖိုးတို့မှာလဲ တိုးမြင့်လာကာ လူအများစုက သူတို့အား စုဆောင်းရန်အတွက် ဝယ်ယူလာခဲ့ကြသည်။ ဒါပေါ့ တစ်ချို့လူတွေကတော့ ရင်းနှီမြှုပ်နှံမှုများအနေဖြင့် ဝယ်ယူခဲ့ကြသည်။
နောက်ဆုံးတွင် တန်ဘိုဟူ၏ထင်းရှုးတောတောင်တန်းလေးဟာ ၇၀၀ မီလီယံနှင့် ရောင်းထွက်သွားခဲ့သည်။
"ဒီပစ္စည်းက ၇၀၀ မီလီယံ တန်ဖိုးရှိတာလား။ ဒီလူတွေ ရူးနေကြတာလား" ယဲဖန်က ရှုံတွစွာ ဆိုလာခဲ့သည်။
ပိုင်ယွင်ရှီ "....."
"ဒါက တကယ်တော့ မများပါဘူး။ လွန်ခဲ့နှစ်အနည်းငယ်လောက်တုန်းက နယူးယောက်မြို့မှာ ကျင်းပတဲ့ အထူးလေလံပွဲတစ်ခုမှာဆို တရုတ်ရှေးဟောင်းလက်ရေးလှတွေနဲ့ ပန်းချီကားတွေ ပါဝင်ခဲ့တယ်။ ထန်ဘိုဟူရဲ့ ရှေးဟောင်းပန်းချီကားဖြစ်တဲ့ 'လုတောင်တန်းပေါ်မှ ရေတံခွန်အား ခံစားခြင်း' ဆို ဒေါ်လာ ၅.၉ မီလီယံ၊ ယွမ် သုံးဘီလီယံနှင့် ၅၉၀ မီလီယံ ဖြင့် ရောင်းထွက်သွားခဲ့တာ"
ယဲဖန်က သူ့မေးစေ့ကို ထိရင်း "ပန်းချီရေးဆွဲခြင်းကနေ ပိုက်ဆံတွေ အများကြီးဝင်တာလား။ ငါ ငါ့ရဲ့အသက်မွေးဝမ်းကြောင်းကို ပန်းချီဆရာတစ်ယောက်အဖြစ် ပြောင်းလဲသင့်နေပြီလို့ ထင်တယ်"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...