Unicode
ကျန်းရွမ်သည် ယဲဖန်ဗီလာထဲ ဝင်လာတော့ ချိုက်ကျန်ကျွင်းသည် ခိုးကြောင်းခိုးဝှက်ဖြင့် သူ့အပြုအမူများက သံသယဝင်စရာကောင်းလှပေသည်။
"သခင်လေးချိုက်" ကျန်းရွမ်သည် သူ့နောက်ကျောကို ပုတ်ပြီး ခေါ်လိုက်၏။
ချိုက်ကျန်ကျွင်းသည် ထိတ်လန့်နေသော ကြောင်တစ်ကောင်ကဲ့သို့ အလန့်တကြားခုန်လိုက်ပြီး "မင်းပဲ တောက်ဆရာကျန်း၊ ငါ့ကို လာခြောက်နေတယ်"
ထို့နောက် သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး စိတ်သက်သာရာရသွားခဲ့သည်။
ကျန်းရွမ်သည် စိတ်ထဲတွင် မျက်လုံးလှိမ့်ပြလိုက်ပြီး တွေးနေမိ၏ 'ဒီလိုသူရဲဘောကြောင်နေပြီး သဘာဝလွန်ကိစ္စရပ်တွေကို စိတ်ဝင်စားနေသေးတာလား'
"သခင်လေးချိုက် ဒီမှာဘာလုပ်နေတာလဲ၊ သူခိုးကျနေတာပဲ" ကျန်းရွမ်က ပြုံးရယ်စွာ ဆိုလိုက်၏။
မျက်နှာတည်တည်ဖြင့် ချိုက်ကျန်ကျွင်းက ဆိုလိုက်၏ "တကယ်တော့လေ သခင်လေးယဲဗီလာက သရဲခြောက်နေတယ်လို့ ငါ သံသယဝင်နေပေမဲ့ ငါ အထဲကို မဝင်ရဲလို့"
"သခင်လေးယဲရှိနေတာ ဘယ်သရဲက လာရဲမှာလဲ၊ ဒါက သေခြင်းကို ဆုံးဖြတ်ပေးတာနဲ့ တူမနေဘူးလား" ကျန်းရွမ်က သဘောမတူစွာ ပြောလိုက်၏။
ချိုက်ကျန်ကျွင်းက သဘောတူစွာ ခေါင်းငြိမ့်ပြလိုက်ပြီး "သခင်လေးယဲ ရှိနေသရွေ့တော့ အဲ့ဒီသရဲတွေက အနားတောင် ကပ်ရဲကြမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အခု သခင်လေးယဲ မရှိဘူးလေ တောက်ဆရာကျန်း၊ သခင်လေးယဲက ပြီးခဲ့တဲ့ရက်ကတည်းက အပြင်ထွက်သွားတာ၊ သူက သခင်လေးပိုင်ကို ကန္တာရကို ခေါ်သွားတယ်လို့ ပြောတာပဲ၊ ဒါပေမဲ့ မနေ့ညက ဗီလာထဲကနေ တစ်စုံတစ်ယောက် သီချင်းဆိုနေတာကို ကြားခဲ့ရတယ်"
"ရလဒ်ကတော့ အိမ်နီးချင်းတစ်ယောက်က ဒါကို တင်ပြခဲ့လို့ လုံခြုံရေးအစောင့်တွေက သခင်လေးယဲ ဗီလာထဲ ဝင်သွားကြတယ်၊ ဘာကြောင့်လဲဆိုတာတော့ ဘယ်သူမှ မသိခဲ့ကြဘူး၊ သူတို့တွေကတော့ ကြောက်လန့်နေကြပြီ"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...