Unicode
ယဲဖန်က ပိုင်ယွင်ရှီကို ကြည့်ရင်း "ယွင်ရှီရေ ငါတို့တွေ တစ်ခုခု သွားစားရအောင်လေ"
ပိုင်ယွင်ရှီက ယဲဖန်ကို စိတ်တိုစွာ ကြည့်ကာ "ငါက မင်းလိုမျိုး မအားဘူး။ လုပ်စရာအများကြီးကျန်သေးတယ်ကွ"
ယဲဖန်က သူ့ခြေထောက်ကို လှုပ်ကာ "ဒါက မင်းအတွက် အရမ်းခက်ခဲလွန်းတာပဲ"
ပိုင်ယွင်ရှီက သူ့မျက်လုံးကို ကျဥ်းလိုက်ကာ "ဒါဆိုရင် ပိုက်ဆံက မိုးပေါ်က ကျလာတယ်လို့ မင်းထင်နေတာလား"
ယဲဖန် "....."
"ဒါဆိုလဲ ငါပဲအပြင်ထွက်ပြီးတော့ စားစရာသွားဝယ်လိုက်မယ်။ မင်း စားချင်တာ တစ်ခုခုရှိလား။ ကျောက်ပုစွန်အစပ်ဆိုရင်ရော ဘယ်လိုတုန်း" ယဲဖန်က မေး၏။
ပိုင်ယွင်ရှီက ကူကယ်ရာမဲ့စွာ ပြုံးရင်း "မလိုဘူး။ ကျေးဇူးပဲ။ ထမင်းကြော်ဆိုရင်ကို ရပြီ"
"ထမင်းကြော်လား။ မင်းဟာက အရမ်းကိုငြီးငွေ့ဖွယ်မကောင်းလွန်းနေဘူးလား။ မင်းက ဒီနေ့ကော အချိန်ပိုထပ်ဆင်းရအုံးမှာလား။ ဘဝက ခက်ခဲလွန်းလိုက်တာ။ တကယ်တော့ ငါ မင်းကို ထောက်ပံ့ပေးနိုင်ပါတယ်" ယဲဖန်က ပြောသည်။
ပိုင်ယွင်ရှီက ကူကယ်ရာမဲ့စွာ ထပ်မံပြုံးပြလိုက်ပြီး "မင်းက ယွမ်သန်းငါးဆယ် ဝင်ငွေရှိတယ်ဆိုပြီး ဂုဏ်ယူနေတာလား။ ဒါက ဘာဂုဏ်ယူစရာမှမရှိဘူး"
ယဲဖန်က စူပုတ်ကာ "အို လာစမ်းပါ။ ကျွန်တော်က အခုတော့ မချမ်းသာသေးပေမဲ့ ကတိတော့ပေးနိုင်တယ်။ ထားလိုက်ပါ အခုတော့ စားစရာသွားဝယ်လိုက်အုံးမယ်"
ယဲဖန်သည် ဓါတ်လှေကားမှ ထွက်လာပြီးနောက် အရှေ့ကောင်တာစားပွဲမှဝန်ထမ်းနှစ်ဦးက သူ့အား ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေ၏။
"သခင်လေးယဲ အပြင်သွားမလို့လား" ဆံပင်ရှည်နှင့်တစ်ယောက်က မေးလိုက်၏။
ထိုနေ့ကတည်းက ယဲဖန်သည် သူတို့ကုမ္ပဏီသို့ မကြာခဏ လာရောက်လည်ပတ်တဲ့သူဖြစ်လာသည်။ ပိုင်ယွင်ရှီက အခြားလူများကိုတော့ အမြဲလျစ်လျူရှုထားသော်လည်း ဒီယဲဖန်ကတော့ သူ့ရုံခန်းထဲတွင်တောင် တစ်ရေးတစ်မောအိပ်စက်နိုင်လေသည်။ နောက်ဆုံးအကြိမ်တုန်းကလဲ ယဲဖန်က သူ့ရုံခန်းအား ပုပ်စော်နံ့အောင် လုပ်ခဲ့ပေမဲ့ ပိုင်ယွင်ရှီက စိတ်မဆိုးခဲ့ချေ။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Abenteuer"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...