Unicode
"မင်္ဂလာပါ တောက်ဆရာပိုင်" ယွမ်ချင်းယွဲ့က ဝင်လာပြီး နှုတ်ဆက်လိုက်သည်။
ပိုင်ယွင်ရှီက ခေါင်းငြိမ့်ပြလိုက်ပြီး "မင်္ဂလာပါ ယွမ်မိန်းကလေး၊ ဒီကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
ယွမ်ချင်းယွဲ့က ထူးဆန်းသော အမူအရာဖြင့် "ရှင်က ဒီမှာ ထိုင်နေသေးတုန်းပဲလား၊ အပြင်ဘက်က ဆူညံသံတွေမကြားဘူးလား"
ပိုင်ယွင်ရှီက သူမအား ကြည့်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် "ဘာတွေဖြစ်နေလို့တုန်း"
"အခုတလော ဂိုဏ်းသားတော်တော်များများ ရောက်လာကြတာကို သတိထားမိကြလား" ယွမ်ချင်းယွဲ့က မေးလိုက်၏။
ပိုင်ယွင်ချီက ခေါင်းငြိမ့်ပြလိုက်ပြီး "ဟုတ်၊ ပြဿနာတစ်ခုခုရှိလို့လား"
"ထျန်းကန်ဂိုဏ်း အကြီးအကဲ ဖုန်စူစူက သူ့ဆေးလုံးအတွက် ရွှေရောင်အစင်း ၇ကြောင်းပါ ရွှေငါးကို အရေးတကြီးလိုအပ်နေလို့လေ၊ အခု အဲ့ဒီလူအားလုံးက ရွှေငါးရှာဖို့ ရောက်နေကြတာ" ယွမ်ချင်းယွဲ့က ပြောလိုက်၏။
"ရွှေရောင်အစင်း ၇ ကြောင်းလား" ပိုင်ယွင်ရှီက မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုရွှေငါးတွေက တွေ့ရများပေသည်။ ပိုင်ယွင်ရှီ ဒီရောက်လာသည့် ပထမဆုံးနေ့တုန်းကဆို ထိုငါးကို ဖမ်းမိခဲ့သည့် တံငါသည်လူငယ်တစ်ဦးကို တွေ့ခဲပေမဲ့ ထိုငါးတွင်တော့ အစင်း ၃ကြောင်းသာ ပါရှိပေသည်။ အစင်းကြောင်းပိုများလာလေလေ သူ့၏ဆေးအစွမ်းထိရောက်မှုက တိုးတက်လာပြီး အလွန်အမင်းရှားပါးလှသည်။ အစင်း ၇ကြောင်းပါ ငါးကို ရှာတွေ့ဖို့က အမှန်တကယ်မလွယ်ကူလောက်ပေ။
ယွမ်ချင်းယွဲ့က ခေါင်းငြိမ့်ပြလိုက်ပြီး "ဟုတ်တယ်"
"အဲ့ဒါတွေက ရှာရခက်တယ်လေ" ပိုင်ယွင်ရှီက ပြောလိုက်သည်။
ယွမ်ချင်းယွဲ့က ခေါင်းငြိမ့်ပြလိုက်ပြီး "ဟုတ်တယ်၊ ဒါပေမဲ့ ဒါက ရွှေအမြုတေအဆင့် ကျင့်ကြံသူက ပေးတဲ့ တာဝန်တစ်ခုလေ၊ ဒီတာဝန်အတွက် ဆုလာဘ်က အခြေတည်အဆင့်ဆေးလုံးတဲ့၊ လူတော်တော်များများက အဲ့ဒါအတွက်နဲ့ ရူးသွပ်နေကြပြီ"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...
