အခန်း (၁၂၃)

3.3K 328 7
                                        

Unicode

ယဲဖန်သည် ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို တွေ့တော့ အထဲဝင်သွားပြီး ခေါက်ဆွဲတစ်ချို့ မှာလိုက်လေသည်။

"ဒီက ခေါက်ဆွဲတွေက တကယ့်ကို ဆိုးရွားတာပဲ၊ အမဲသားခေါက်ဆွဲကိုပဲ ကြည့်လိုက်၊ အမဲသားဖက်က နည်းနည်းလေးပဲပါတယ်၊ ဒီခေါက်ဆွဲတစ်ပန်းကန်လုံးကို ၁၀၀ တောင်ပေးလိုက်ရတယ်လား" ယဲဖန်က ညည်းညူနေလိုက်၏။

မုလျန်ဖင်က ယဲဖန်အား ကြည့်ပြီး တွေးလိုက်မိသည် 'သခင်လေးယဲ မင်းစကားတွေက ယုံကြည်လောက်စရာမကောင်းဘူးနော်။ မင်းက ခေါက်ဆွဲ ၃ပန်းကန်တောင် စားပြီးပြီကို စားမကောင်းဘူးလို့ ပြောနေသေးတာလား။ မင်းရဲ့အလိုဆန္ဒက တကယ့်ကို ကောင်းတာပဲ'

"လျန်ဖင် မင်းလဲ ဒီမှာရောက်နေတာပဲ" တကိုယ်လုံး ရွှေတွေဖြင့် ဖုံးနေသည့် လူဝကြီးတစ်ဦးက ဝင်လာခဲ့ပေသည်။

လူဝကြီးကို ကြည့်ရင်း ယဲဖန်က မျက်တောင်ခတ်ပြီး ယွင်ရှီနားထဲသို့ တိုးတိုးလေး ပြောလိုက်၏ "ဒီလူက ကြည့်ကောင်းသားပဲ" သူသည် ထိုလူအား သူ့၏အလားအလာရှိသော ဖောက်သည်တစ်ဦးဖြစ်လာဖို့ တွေးတောနေခဲ့သည်။

ယဲဖန် မျက်လုံး လှိမ့်သွားသည်ကို ကြည့်ရင်း ပိုင်ယွင်ရှီက သူဘာဖြစ်ချင်နေမှန်း သိလိုက်ရ၏။

မုလျန်ဖင်သည် ယဲဖန်ကို စိုက်ကြည့်ကာ တွေးနေမိ၏ 'ယဲဖန်မှာ အမြင်ကောင်းရှိတာပဲ၊ သူက ဝူယိဖုန်ဆီမှာ တစ်ခုခုကို မြင်နေလိမ့်မယ်လို့ မထင်ထားမိဘူး'

"ကျေးဇူးပြုပြီး ထိုင်ပါအုံး" ပိုင်ယွင်ရှီက ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်" ဝူယိဖုန်က ခုံအလွတ်တစ်လုံးတွင် ဝင်ထိုင်လိုက်ပေသည်။

"သခင်လေးယဲ ဒါက ငါ့သူငယ်ချင်း ဝူယိဖုန်ပါ။ သူက ဟိုတယ် ပိုင်ရှင်လေ" မုလျန်ဖင်က မိတ်ဆက်ပေးလိုက်သည်။

ယဲဖန်က မျက်တောင်ခတ်လိုက်ပြီး "ဟိုတယ် ပိုင်ရှင်လား။ သူက ရှေးဟောင်းသိုင်းပညာကျင့်ကြံနေတာမဟုတ်ဘူးလား"

ဝူယိဖုန်က ရှက်ရွံစွာ ခေါင်းကုတ်လိုက်ပြီး "ရှေးဟောင်းသိုင်းပညာကို ကျင့်ကြံရတာက အဲ့ဒီလောက်မလွယ်ဘူး။ ငါ့ရဲ့ ကျင့်ကြံရေးက နှစ်ပေါင်းများစွာကတည်းက ရပ်တန့်နေခဲ့တာ။ ဘာပဲဖြစ်ဖြစ်လေ ငါ့ကိုယ့်ငါလဲ မတိုးတက်နိုင်မှတော့ ပိုက်ဆံတွေ များများရှာပြီး ဘဝကို ပျော်ရွှင်စွာ ဘာလို့မနေထိုင်ရမှာလဲ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now