Unicode
ယဲဖန်ဖုန်း မြည်လာခဲ့လေသည်။ သူ ထုတ်ကြည့်လိုက်သောအခါ ၎င်းက လုံခြုံရေးအစောင့် ခေါ်နေခြင်းပင် ဖြစ်၏။
"ဟုတ်ပါတယ်။ သူက ကျွန်တော့်သူငယ်ချင်းပါ"
"အိုကေ ကျွန်တော် သိပြီ။ သူ့ကို အထဲဝင်ခိုင်းလိုက်ပါ"
ချိုက်ကျန်ကျွင်းက သူ့အားကြည့်ကာ မေးလာလေသည် "ဘယ်သူတုန်း"
"တစ်ယောက်ယောက်က တစ်ခုခုပို့ပေးလိုက်တာ။ ဒါပေမဲ့ လုံခြုံရေးအစောင့်တွေက ဝင်ခွင့်မပြုလို့လေ" ယဲဖန်က ပြန်ဖြေလိုက်၏။
ထရပ်ကားတစ်စီး မောင်းဝင်လာခဲ့လေသည်။ ကျန်းစီလျန်က ထရပ်ကားပေါ်မှ ဆင်းလာခဲ့သည်။ ချိုက်ကျန်ကျွင်းသည် ကျန်းစီလျန်အား တွေ့လိုက်ရသောအခါ ထိတ်လန့်သွားခဲ့သည်။ အဲ့ဒါက ထိုသူဌေးကြီးလေ။
"ဆရာသခင်လေးယဲ မင်းတောင်းဆိုထားတာကို လာပို့ပေးတာပါ" ကျန်းစီလျန်က လေးလေးစားစား ပြောလာခဲ့သည်။
ယဲဖန်က ခေါင်းငြိမ့်ပြကာ "ကျေးဇူးအများကြီးတင်ပါတယ်"
ချိုက်ကျန်ကျွင်းက မျက်တောင်ခတ်ကာ ယဲဖန်၏အသွင်အပြင်အသစ်တစ်ခုလုံးကို မကြည့်ပဲ မနေနိုင်ခဲ့ပေ။ သစ်သားပိုင်းလေးတစ်ခုအတွက်နဲ့ သူဌေးကျန်းက လူကိုယ်တိုင် လာပို့တာလား။ ဒါက သူဌေးကျန်းနှလုံးသားထဲတွင် ယဲဖန်အနေအထား ဘယ်လိုရှိကြောင်း ပြောပြနိုင်ပေသည်။
"မင်္ဂလာပါ သူဌေးကျန်း" ချိုက်ကျန်ကျွင်းက လေးစားစွာ နှုတ်ဆက်လိုက်၏။
"ဒါက သခင်လေးချိုက်လေ တိုက်ဆိုင်လိုက်တာ" ကျန်းစီလျန်က သူ့အား ခေါင်းငြိမ့်ပြလိုက်လေသည်။
"သစ်သားပိုင်းပေါ်က ဘာကြီးလဲ သူဌေးကျန်း" ထိုပေါ်ရှိအဆောင်က ချိုက်ကျန်ကျွင်းအားဆွဲဆောင်သွားခဲ့ပြီး ထိုအရာကို ဖယ်ရှားပစ်ရန် ကြိုးစားလိုက်လေသည်။
ကျန်းစီလျန်က သူ့လက်အား ဆုပ်ကိုင်လိုက်ကာ လေးနက်စွာ ပြောလာခဲ့သည် "မင်းအဲ့ဒါကို ထိလို့မရဘူး။ ဒါက သရဲတွေ မကပ်လာနိုင်အောင်လို့ ဆရာသခင်လေးယဲ ကိုယ်တိုင်ကပ်ထားတဲ့ အဆောင်ပဲ"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Avventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...