Unicode
"ဟေး မင်းရဲ့ အဆောင်မန္တန်တွေက ဘယ်လောက်တုန်း" ကျောပိုးအိတ်လွယ်ထားသောကောင်လေးသည် ဆိုင်ခန်းရှေ့တွင် မတ်တပ်ရပ်နေကာ အတော်လေးနက်နေသည့်ပုံ ရလေသည်။
ယဲဖန်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် "တစ်ခုကို ယွမ်သုံးသောင်း" ဟု ပြောလိုက်သည်။
ယဲဖန်သည် ထိုကောင်လေးအပေါ် မျှော်လင့်ချက် သိပ်မရှိပေ။ တစ်ချို့လူကြီးတွေတော့ တတ်နိုင်ပေမဲ့ ထိုကောင်လေးတွင် ပိုက်ဆံ မည်သို့ရှိနိုင်မည်နည်း။
မျှော်လင့်ထားသည့်အတိုင်း ထိုကောင်လေးသည် "မင်းက ဓါးမြတိုက်နေတာလား" ဟု ညည်းညူလိုက်၏။
"ကောင်လေး မင်းအမေက မင်းကို ညစာအတူစားဖို့ အိမ်မှာစောင့်နေလိမ့်မယ်။ မင်းသွားသင့်ပြီ" တစ်နေ့လည်လုံး အဆင်မပြေသည့်အတွက် ယဲဖန်သည် အတော်စိတ်ပျက်နေလေပြီ။
ထိုကောင်လေးက "ဘာလဲ။ ငါက ငယ်သေးတယ်ဆိုပြီး ငါ့ကို မစော်ကားနဲ့၊ ဖောက်သည်တွေဆိုတာက အမြဲမှန်တယ် ဆိုတာ မင်းနားလည်လား " မကျေနပ်မှုများနှင့်အတူ ပြောလိုက်သည်။
ယဲဖန် "....." ဒီကောင်ကတော့ တကယ်မာနကြီးတာပဲ။
"ကလေး မင်းကိုကြည့်ရတာ နည်းနည်းရင်းနှီးနေသလိုပဲ" ယဲဖန်သည် သူ့အား အထက်အောက် ကြည့်လိုက်သည်။
ထိုကောင်လေးသည် ရှက်ရွံစွာဖြင့် "မင်း ငါ့ကို မသိဘူးလား" မေးလိုက်သည်။
"ငါ သိသင့်...." ယဲဖန်သည် ရုတ်တရက်လန့်သွားသည်။ သူ ဒီကောင်လေးဘယ်သူလဲဆိုတာကို ရုတ်တရက် သတိရသွားသည်။ သူ့တူပဲ။
မူလပိုင်ရှင်၏ မိခင်သည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့သည်။ သူ့မှတ်ဥာဏ်အရ သူ့ရဲ့ ဝမ်းကွဲ ၊ သူ့အမေ၏အကို့သားသည် မူလပိုင်ရှင်အပေါ် မဆိုးဝါးပေ။ ဒါပေမဲ့ မူလပိုင်ရှင်သည် ယဲမိသားစု၏သားတစ်ယောက်ဖြစ်သောကြောင့် သူ့ဝမ်းကွဲသည် အရမ်းဝင်မစွက်ဖက်ပေ။ ဒါ့အပြင် သူ့၏ဝမ်းကွဲက အမှန်တကယ် အလုပ်များသူလဲ ဖြစ်၏။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...