Unicode
ကျောက်ရှီကုမ္ပဏီ၏လမ်းတစ်ဖက်ခြမ်းတွင် ကားတစ်စီးရပ်ထားလေသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဟာ ယဲဖန်နှင့် တစ်ခြားလူများထွက်လာသည်ကို စောင့်ကြည့်နေခဲ့၏။
"သူတို့ထွက်လာပြီ။ ငါတို့ အခု လှုပ်ရှားသင့်လား" ဟွမ်ယွဲ့က မေးလိုက်သည်။
ဖန်ချန်က ရှက်ရွံ့စွာဖြင့် "ခဏလောက်စောင့်လိုက်အုံး"
ဟွမ်ယွဲ့က မျက်မှောင်ကြုတ်လိုက်ကာ "ငါးရက်ရှိနေပြီ။ ငါတို့တွေ ချိုက်စွိုက်ကို မဖမ်းဆီးနိုင်ဘူးဆိုရင် ငါတို့မြေအောင်ငရဲနန်းတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာလိမ့်မယ်"
"မနေ့က ဂျွန်အသတ်ခံလိုက်ရတယ်။ အခု ငါတို့တွေ အလျင်စလို ပြုမူလိုက်ရင် ငါတို့လဲ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးနော်" ဖန်ချန်က ဆို၏။
ဂျွန်ဆိုသည်မှာ ယဲဖန်သတ်လိုက်သည့် နိုင်ငံခြားသားမျိုးဗီဇပြောင်းစစ်သည်တော် ဖြစ်လေသည်။ သူက မြေအောက်ငရဲနန်းတော်၏အဖွဲ့ဝင်တစ်ဦးမဟုတ်ပေမဲ့ နိုင်ငံခြားက လေ့ကျင့်ပေးထားသည့် မျိုးဗီဇပြောင်းစစ်သည်တစ်ဦးဖြစ်လေသည်။ နိုင်ငံခြားအဖွဲ့အစည်းက ချိုက်စွိုက်ကို အသက်ရှင်လျက် ဖမ်းဆီးရမှာ ကူညီဖို့ မြေအောက်ငရဲနန်းတော်ကို ငှားရမ်းရာ၌ ငွေကြေးအမြောက်အမြားသုံးစွဲထားခဲ့သည်။ သူတို့သာ မလုပ်နိုင်ခဲ့လျှင် သူ့အား သတ်ပစ်နိုင်လေသည်။ ဂျွန့်ခွန်အားသည် မြေအောက်ငရဲနန်းတော်၏ရွှေရောင်အဆင့် သတ်ဖြတ်သူနှင့် အဆင့်အတန်းတူညီလေသည်။
ဟွမ်ယွဲ့က မျက်မှောင်ကြုတ်သွားသည် "ဒါပေမဲ့ ငါတို့က ဒီမှာဘာမှ မလုပ်ဆောင်နိုင်သေးဘူး၊ အနည်းဆုံးတော့ သူတို့လူတွေ ထပ်မစေလွှတ်ခင် ငါတို့က အသုံးဝင်နိုင်လောက်မယ့် အချက်အလက်တစ်ချို့တော့ ကျွမ်းကျင်ထားရမယ်လေ"
ဖန်ချန်က ခေါင်းငြိမ့်ရင်း "ငါတို့က သူတို့ကို နောက်ယောင်ခံလိုက်နိုင်ပေမဲ့ အရမ်းတင်းတင်းကျပ်ကျပ်တော့ မလုပ်နဲ့"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...